တောင်ကိုရီးယား မင်သား Lee Jong-hyuk ဟာဆိုရင် ပရိသတ်နဲ့ချစ်ကြိုက်ပြီး ၂၀၀၂ ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ရှားရှားပါးပါးမင်းသား တစ်ယောက်ဖြစ်ပါတယ်။ Lee Jong-hyuk ဟာ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ ချစ်ကြိုက်ခဲ့ပြီး ၆ လ အကြာမှာ ပိုက်ဆံ များများစားစား မရှိဘဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

Lee Jong-hyuk နဲ့ သူ့ဇနီး ဖြစ်သူတို့ရဲ့ အချစ်ဇာတ်လမ်းဟာ လူတိုင်းကို အားကျသွားရလောက်တဲ့ အထိ ချစ်ဖို့ကောင်းလွန်းလှပါတယ်။ ဒီအကြောင်းအရာကို MBC ရဲ့ 'Tteokbokki House, That Oppa' အစီအစဉ်မှာ မင်းသား Lee Jong-hyuk ကထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ Lee Jong-hyuk က အသက် ၂၉ နှစ်အရွယ်မှာ ဘာမှ ပြင်ဆင်ထားတာမျိုးမရှိဘဲ သူ့ရဲ့ ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

Google

ပိုက်ဆံ မရှိဘဲနဲ့ ဇနီးသည် ဖြစ်သူက ဘယ်လို လက်ထပ်ခဲ့လဲဆိုတဲ့ မေးခွန်းကိုလည်း Lee Jong-hyuk က အခုလို ပြန်ဖြေထားပါတယ်။

“ကျွန်တော့် မိန်းမကို ကျွန်တော့်မှာ ဝမ် ၂ သန်းရှိပဲရှိတယ်။ တကယ်လို့ လက်ထပ်လိုက်မယ်ဆိုရင် ကျွန်တော် သူမကို အဆပေါင်း ၁ ထောင်လောက် ပိုများတဲ့ငွေကြေးတွေ ရှာပေးနိုင်တယ်လို့ ပြောခဲ့ပါတယ်။ တကယ်လို့ မင်းကိုလက်ထပ်လိုက်လို့ သရုပ်ဆောင်အလုပ်ကို ဆက်ပြီး မလုပ်ရဘူးဆိုရင်တောင် ငါအပြင်ထွက် အခြား အလုပ်လုပ်ပြီး မင်းကို တင့်တောင်း တင့်တယ်ထားမှာပါ လို့ပြောခဲ့တာပါလို့ ပြောပြီး လက်ထပ်ခဲ့တာပါ”

Googlev

တောင်ကိုရီးယားမင်းသား Lee Jong-hyuk ဟာဆိုရင် ပိုက်ဆံ မရှိတဲ့ အချိန် အောင်မြင်မှုတွေ မရသေးတဲ့ အချိန် ၂၀၀၂ ခုနှစ်ကတည်းက ဇနီးဖြစ်သူနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ အိမ်ထောင်ရေး ကံကောင်းခဲ့တယ်လို့ ပြောရမလိုဘဲ Lee Jong-hyuk ဟာ ဇနီးဖြစ်သူနဲ့ လက်ထပ်ပြီးမှ အရင်ကထက်ပိုအောင်မြင်ပြီး ပိုက်ဆံတွေ ပိုရှာနိုင်ခဲ့တယ်လို့ သိရပါတယ်။

Google
Google
Google

တောင်ကိုရီးယားမင်းသား Lee Jong-hyuk ဟာဆိုရင် လက်ရှိမှာ သားလေး နှစ်ယောက်ကို ရရှိပိုင်ဆိုင်ထားပြီပဲဖြစ်ပါတယ်။  မင်းသား Lee Jong-hyuk ရဲ့ စိတ်ကူးယဉ်ဆန်လှတဲ့ အိမ်ထောင်ရေး ဇာတ်လမ်းလေး အကြောင်းကို အားလုံးအတွက် ဝေမျှပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။