သမန်းကုန်းရွာက ဂျမ်းတောခေါ် မအေးချမ်းမေလေးကို အားလုံးပဲ သိကြမှာပါနော်။ ဂျမ်းတောက သရက်ကင်လေးတွေရောင်းရင်း သူ့ရဲ့မိသားစုဝင်လေးတွေကို ရှာဖွေ ကျွေးမွေးနေတဲ့ သူလေးဖြစ်ပါတယ်။ သရက်ကင်သည် ဂျမ်းတောမလေးဆီမှာ မောင်နှမ ၁၀ ယောက်ရှိပြီး မောင်နှမ ၁၀ ယောက်လုံးကို ဂျမ်းတောက အဓိက တာဝန်ယူပေးနေတာ ဖြစ်ပါတယ်။
ဂျမ်းတောရဲ့ မိခင်ဟာ ကျန်းမာရေး မကောင်းတဲ့သူဖြစ်ပြီး မကြာသေးမီကမှ ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။ အသက်မပြည့်သေးခင်မှာ လောကဓံ အလှည့်အပြောင်းတွေ ကို အလူးအလဲ ခံနေရတဲ့ ဂျမ်းတောကို ကူညီ အားပေးထောက်ပံ့ ပေးနေတဲ့ သူတွေလည်း အများကြီးပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဂျမ်းတောက အရင်လိုမျိုး တစ်လမ်းဝင်တစ်လမ်းထွက် သရက်ကင်လိုက်မရောင်းတော့ဘဲ အွန်လိုင်းမှာ အဆိုတော်၊ သရုပ်ဆောင် စည်သူ ပလပ်ကျွပ် အကူအညီနဲ့ ဈေးရောင်းတော့မယ်လို့ သိရပါတယ်။ မိသားစုကို အထောက်အပံ့ပေးနေတဲ့ ဂျမ်းတောတစ်ယောက် အွန်လိုင်းပေါ်မှာ လည်း ဈေးတွေ အများကြီး ရောင်းကောင်းပြီး မိသားစုကို ကောင်းကောင်း အထောက်အပံ့ပေးနေတဲ့ အမကြီး အမိရာကောင်းလေး ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။