တောင်ကိုရီးယားမင်းသား Lee Seung Gi ဟာ ရုပ်ချောသလောက် သရုပ်ဆောင်အရမ်းတော်တဲ့ မင်းသားဖြစ်ပါတယ်။  Lee Seung Gi  တစ်ယောက် မင်းသမီး Lee Da Inn နဲ့ တွဲနေတဲ့ အကြောင်းကို ၂၀၂၁ ခုနှစ်က စတင်အသိပေးခဲ့တာဖြစ်ပါတယ်။ 

Google

 Lee Seung Gi  နဲ့  မင်းသမီး Lee Da Inn  တို့တွဲနေတာကို ပရိသတ် တော်တော်များများက သဘောမတူခဲ့ကြပါဘူး။ ဒေါသထွက်နေတဲ့ ပရိသတ်တွေဟာ Lee Seung Gi တို့ စုံတွဲကို အပြင်းအထန် ကန့်ကွက်ခဲ့ကြပါတယ်။  Lee Da Inn  နဲ့ တွဲခဲ့တဲ့ အချိန်ကစပြီး မင်းသား Lee Seung Gi  တစ်ယောက် နာမည် တဟုန်ထိုး ကျဆင်းခဲ့ရပါတယ်။

Google 

ပရိသတ်တွေက Lee Seung Gi  နဲ့ Lee Da Inn တို့ကို သဘောမတူတာကြောင့် လမ်းခွဲသွားပြီဆိုတဲ့ သတင်းတွေမကြာခဏ လွှင့်ကြပါတယ်။ လမ်းခွဲသတင်းတွေနဲ့ ပတ်သတ်ပြီး Lee Seung Gi  က သူ့ရဲ့ ကိုယ်ပိုင် လူမှု ကွန်ရက်စာ မျက်နှာမှာ အခုလိုလေး ပြောလာခဲ့ပါတယ်။ 

Google

“ကျွန်တော် ပရိသတ်တွေနဲ့ အဆက်အသွယ် ပျက်ပြီး ဘာမှ မပြောဖြစ်ခဲ့တာ တစ်နှစ်နီးပါး ကြာသွားခဲ့ပါပြီ။ကျွန်တော် တိတ်ဆိတ်နေရတဲ့ အကြောင်းအရင်းက ကျွန်တော့်ရဲ့ စိတ်ရှိအတိုင်း တစ်ခုခုပြောလိုက်ရင် ပြဿနာကပိုပြီး ကြီးသွားမှာဆိုးလို့ ဖြစ်ပါတယ်။ ကျွန်တော် ပြောလိုက်တဲ့ စကား တစ်ခွန်းကြောင့် ကောလာဟလ အတင်းအဖျင်းတွေ ပိုပြီး များလာမှာကိုလည်း ကျွန်တော်ကြောက်တယ်။ ဒါကြောင့် ကျွန်တော် အချစ်ရေးနဲ့ ပတ်သတ်ပြီးဘာတစ်ခွန်းမှ မပြောဖြစ်တော့တာပါ။ ကျွန်တော့် လက်ရှိအချစ်ရေးကတော့ ပြီးခဲ့တဲ့ နှစ်ကအတိုင်း ဘာမှ မပြောင်းလဲပါဘူး။ အားလုံးကို ကျွန်တော် ပစ်ထားခဲ့မိရင်လည်း တောင်းပန်ပါတယ်။ ကျွန်တော့်အမှား ဖြစ်တဲ့အတွက် ကျွန်တော် တစ်ယောက်တည်းကိုပဲ အပြစ်တင်ကြပါ။ အားလုံးကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ “

Google

Lee Seung Gi  ဟာဆိုရင် သူ့ချစ်သူကောင်မလေးကို အရမ်းချစ်ပြီး ချစ်သူကောင်မလေးကို ထိခိုက်စေမယ့်သတင်းအမှားမျိုးတွေကို လုံးဝ လက်မခံတဲ့ သူဖြစ်ပါတယ်။ အခုတစ်ခေါက်မှာလည်း ကောင်မလေးနဲ့ လမ်းခွဲလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်လာတာကြောင့် Lee Seung Gi ကိုယ်တိုင် လမ်းမခွဲသေးတဲ့ အကြောင်းကို ဖြေရှင်းပေးထားတာဖြစ်ပါတယ်။ 

Google
Google

တောင်ကိုရီးယားမင်းသား Lee Seung Gi နဲ့  Lee Da In တို့ဟာ ၂၀၂၁ ခုနှစ် မေလတုန်းက တရားဝင် တွဲခဲ့ကြတာဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။