တောင်ကိုရီးယား မင်းသမီး Park Shin Hye ဟာဆိုရင် မကြာသေးမီက ပထမဦးဆုံး သားဦးလေးကို မွေးဖွားခဲ့တဲ့သူဖြစ်ပါတယ်။ Park Shin Hye ဟာ သားဦးလေးကို ကျန်းကျန်းမားမား မွေးဖွားခဲ့တယ်လို့ သတင်းတွေ ထွက်ရှိလာခဲ့ပေမယ့် လက်တွေ့မှာတော့ မွေးဖွားရတာ ခက်ခဲခဲ့တယ်လို့ သိရပါတယ်။ 

Google

အတွင်းသတင်း သိရှိခဲ့တဲ့ သူနာပြု တစ်ဦးရဲ့ အဆိုအရ Park Shin Hye ရဲ့ သားဦးလေးက ခန္ဓာကိုယ် အရွယ်အစား၃.၅ kg ၊ ၇ပေါင် ၇ အောင်စ အထိ ရှိတယ်လို့ သိရပါတယ်။ ကလေးက အရမ်းထွားနေတာကြောင့် Park Shin Hye က သူမရဲ့ သားဦးလေးကို ရိုးရိုးသာမန်နည်းလမ်းနဲ့ မွေးလို့မရဘဲ ခွဲစိတ်ခြင်း နည်းလမ်းနဲ့ မွေးဖွားခဲ့ရတယ်လို့ သိရပါတယ်။ 

Google

Choi Tae Joon ကလည်း Park Shin Hye ကလေး မွေးဖွားစဉ်ကတည်းက အနားကနေ အနီးကပ် ပြုစုစောင့်ရှောက်ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။ 

Google

သူနာပြုရဲ့ အဆိုအရ ကလေးလေး လူ့လောကကို စတင်ရောက်ရှိလာတဲ့ အချိန်မှာ Choi Tae Joon ရဲ့ မျက်လုံးထဲမှာ မျက်ရည်တွေနဲ့ ပြည့်နေခဲ့တယ်လို့ သိရပါတယ်။

Lovekpop95

ရင်သွေးလေးကို ခက်ခက်ခဲခဲမွေးဖွားခဲ့ရတဲ့ တောင်ကိုရီးယားမင်းသမီး Park Shin Hye ရဲ့ အတွေ အကြုံလေးအကြောင်းကို Park Shin Hye ကို ချစ်တဲ့ ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ရပါတယ်နော်။ 

Source - Lovekpop95 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။