မိတ်ကပ်ပညာရှင်မေဦး ဟာဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်း ကစလို့ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့ရင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင်မေဦးဟာ သူ့ရဲ့ချစ်သူ ဟန်လင်းနဲ့ အတူ နတ်ပြည်လို့ထင်ကြတဲ့ နယူးယောက်မြို့မှာ နေထိုင်ရတာ အဆင်မပြေတဲ့ အကြောင်းတွေကို အသေးစိတ် ပြောပြပေးလာခဲ့ပါတယ်။

May Oo's Facebook

မေဦး ဟာဆိုရင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ လဆန်း ကစလို့ ပြည်သူတွေနဲ့ အတူ ရပ်တည်ခဲ့ရင်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရတာဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင်မေဦးဟာ သူ့ရဲ့ချစ်သူ ဟန်လင်းနဲ့ အတူ အဝတ်ထုပ် တစ်ထုပ်နဲ့ ကိုယ့်အိမ်မဟုတ်တဲ့ အိပ်ယာပေါင်း များစွာမှာ အိပ်ခဲ့ဖူးသလို ခက်ခဲ ပင်ပန်းလွန်းလှတဲ့ နေရာများစွာကိုလည်း ရောက်ရှိခဲ့ရဖူးတဲ့ သူဖြစ်ပါတယ်။ မိတ်ကပ်ပညာရှင် မေဦးဟာ အနေဆင်းရဲ အစားဆင်းရဲ ဘဝနဲ့ ခက်ခက်ခဲခဲ အမေရိကားကို ရောက်ခဲ့ရတဲ့ သူဖြစ်ပါတယ်။

နတ်ပြည်လို့ ထင်ကြတဲ့ အမေရိကန်နိုင်ငံကကြီး တကယ်တမ်း လက်တွေ့ ရောက်သွားတဲ့ အချိန်မှာ နတ်ပြည်မဟုတ်ဘဲ အရမ်းကို ခက်ခဲပင်ပန်းစွာနေထိုင်ရတဲ့ နေရာကြီး ဖြစ်တဲ့ အကြောင်းကို မိတ်ကပ် ပညာရှင်မေဦးက အခုလိုလေး အသေးစိတ် ပြောလာခဲ့ပါတယ်။

May Oo's Facebook

“အာဏာရူးတွေကြောင့် မြန်မာပြည်အမှောင်ကျ 2021 February လဆန်းကစပြီး ယနေ့အထိ အဝတ်လေးတွေထုပ်ထားတဲ့အထုပ်လေးတစ်ထုပ်နဲ့ ကိုယ့်အိမ်မဟုတ်တဲ့အိပ်ယာပေါင်းများစွာမှာအိပ်ခဲ့ဖူးသလို မာကြောလွန်းတဲ့နေရာတွေမှာအိပ်ခဲ့ရတဲ့အပြင် ခြင်တွေ ဖြုတ်တွေကိုက်လိုက် အေးလိုက်ပူလိုက်နေရာတွေမှာလဲ ကျောလေးဆန့်ကာမှောင်မိုက်လွန်းတဲ့ညတွေကိုဖျတ်သန်းခဲ့ရတယ်

ကျောက်ခဲလိုမာသလိုထမင်းဖြစ်ပေမယ့် မေတ္တာတွေအပြည့်နဲ့ချက်ထားတဲ့ထမင်းကိုစားခဲ့ရသလို

တောထဲကထင်းတွေနဲ့မီးမွှေးပြီး တိုင်းပြည်အတွက်အသက်တွေစွန့်နေကြတဲ့ခလေးတွေကို မေတ္တာအပြည့်နဲ့ကိုယ်တိုင်လဲထမင်းပြန်ချက်ကျွေးခဲ့တဲ့နေ့ရက်တွေရှိခဲ့တယ်

ရေချိုးဖို့ရေမရတဲ့နေ့တွေမှာ 3 မိုင်လောက်ဝေးတဲ့နေရာစမ်းချောင်းမှာ ရေချိုးလိုက်အဝတ်တွေလျှော်လိုက် ရေချိုးပြီးသာပြန်လာတယ်ပြောတယ် ဖုန်လေးတွေကပ်ချွေးတွေရွှဲ ? မွေးကတည်းကရေကြောက်တဲ့မေဦးတစ်ယောက်ရေကူးတက်ခဲ့ရတယ်

May Oo's Facebook

အသက်ဆယ့်ခြောက်နှစ်ကျော်ကစလို့ မိတ်ကပ်ပြင်တဲ့စုတ်တံလေးတွေကိုင်တဲ့လက်က ကိုယ့်ထက် သုံးပြန်လောက်ကြီးတဲ့ ခန္ဓာကိုယ်နဲ့နပန်းလုံးပြီး ကိုယ့်ကိုယ်ကိုကာကွယ်တက်အောင် သင်ယူခဲ့ရတယ်

မြန်မာပြည်က ဘယ်မြို့သွားသွားဘယ်ပြည်နယ်ကိုသွားသွား မေဦးလေးနဲ့ဟန်လင်းလေးဆိုပြီး လက်ဆောင်တွေလာလာပေးကြ ဓါတ်ပုံလေးတွေလာလာအရိုက်ခံခဲ့ရတဲ့သူတွေက လှေကလေးတစ်စင်းနဲ့သောင်ရင်းမြစ်ကို ခိုးချောင်ခိုးဝှက်နဲ့ဖျတ်ပြီး ရဲတွေစစ်သားတွေလာလာစစ်လို့ နေရာတွေခဏခဏပြောင်းခဲ့ရတဲ့နေ့ရက်တွေကိုကျော်ဖျတ်ခဲ့ရတယ်

သောင်းရင်းမြစ်ကိုကျော်လွန်တဲ့နေ့ရက်တွေမှာ ထိုင်းရဲနဲ့ထိုင်းစစ်သားတွေမဖမ်းအောင် မိသားစု မောင်နှမလို အချစ်ဆုံးသူငယ်ချင်းလို ဆရာမနဲ့ အကိုရဲ့စီစဉ်ပေးတဲ့ တစ်လတစ်ခါ ဘတ် ၅၀၀ ပေးရတဲ့ ရဲမဖမ်းတဲ့တရားမဝင်ကဒ်လေးကိုင်ပြီးငါဘယ်သူလဲဆိုတာမေ့ထားခဲ့ရတဲ့နေ့ရက်တွေကိုကျော်လွန်ခဲ့ဖူးတယ်

သူများနိုင်ငံတွေသွားတိုင်း အနီရောင် passport လေးကိုင် မြန်မာပြည်ရဲ့ထိပ်တန်းတွေကိုပြင်ပေးရတဲ့ make up artist ပါဆိုပြီးခေါင်းမော့ရင်ကော့သွားခဲ့ရတဲ့သူတစ်ယောက်က သူများနိုင်ငံခိုလှူံတဲ့ စာရွက်တစ်ရွက်ကိုင်ပြီး နိုင်တစ်ချို့ရဲ့ လေဆိပ်တွေကိုဖျတ်တဲ့အခါ မျက်ရေတွေတစ်သွင်သွင်စီးကျလို့ ရှိုက်ကြီးတစ်ငင်ငင်နဲ့ မြန်မာပြည်ကိုပြေးသာပြန်လိုက်ချင်တဲ့သူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်

May Oo's Facebook

ကမ္ဘာပေါ်မှာလူတော်တော်များများက အထင်ကြီးကြတဲ့ America ?? နိုင်ငံကြီးကို ပထမအကြိမ် အမလိုချစ်ရတဲ့မိသားစုရဲ့ပံ့ပို့မှုနဲ့အပြင်ကိုယ့်ငွေနဲ့ခြေမိုးပြီး Manhattan downtown မှာအခန်းငှါးနေ make up school ကိုသွားတက်ခဲ့တဲ့မေဦး

ဒုတိယအကြိမ် New York fashion weeks ကိုမြန်မာပြည်ရဲ့ပညာရှင်အနေနဲ့ဖိတ်ကြားခံရလို့သွားခဲ့ရတဲ့မေဦးက US ကိုနိုင်ငံရေးဗန်းပြပြီးထွက်ပြေးသွားတယ်လို့အပြောခံရတဲ့နေရက်တွေနဲ့ ကြေကွဲစာနေခဲ့ရတယ်?

နေ့ရက်တိုင်းမှာအိမ်ရှေ့ထိလာကြိုပေးတဲ့ driver ကားကိုစီး Assistant 5 ယောက်နဲ့ အမြဲ make up တွေပြင် တခါတစ်လေ  shooting မှာ assistant တွေများလို့လူလျှော့ပေးပါလို့ ပြောခံရဲ့ အခြွေအရံတွေများတဲ့ မေဦးက နတ်ပြည်လို့ထင်ကြတဲ့ New York မြို့မှာ US အစိုးရကပေးထားတဲ့ဝင်ငွေမရှိတဲ့သူတွေသုံးတဲ့ public သုံးရထားနဲ့ bus ကားစီးတဲ့ ကဒ်လေးသုံးပြီး မရေရာတဲ့နေ့ရက်တွေကိုဖျတ်သန်းနေရတယ်

ရင်ထဲမှာကြွေကွဲမှု မတရားခံရမှု

နားကြည်းမှု ပေါင်းများစွာနဲ့ရေးမိတဲ့စာကို စာအရှည်ကြီးရေး drama တွေခင်းတယ်လို့ပြောခံရတော့မယ့်မေဦး ဘဝပျောက်နေပြီးလို့ခံစားနေရတဲ့မေဦးကို

5.6.2022 မှာမြန်မာနိုင်ငံသူနဲ့ American သားကမွေးတဲ့ 5 နှစ်သမီးလေးတစ်ယောက်က မေဦးကိုလာတွေ့တဲ့အချိန်မှာ မေဦးအတွက်အိမ်ကနေပုံလေးဆွဲလာပေးတာတဲ့

ဘဝမှာ 5 နှစ်သမီးတစ်ယောကပထမဆုံးပေးတဲ့လက်ဆောင်အောက်ပုံလေးကိုရတဲ့အချိန်မှာ

အော်ငါဘယ်သူလဲလို့ပြန်တွေးရင်းမချိတင်ကဲအပြုံးလေးပြုံးကာ …..”

May Oo's Facebook

မိတ်ကပ်ပညာရှင် မေဦးဟာဆိုရင် နတ်ပြည်လို့ ထင်ကြတဲ့ New York မြို့မှာ အမေရိကန် အစိုးရက သုံးတဲ့ ဝင်ငွေ မရှိတဲ့ လူတွေ သုံးတဲ့ အများသုံး ရထားကို စီးရင်း ဘက်စ်ကား စီးတဲ့ ကဒ်လေးကို သုံးကာ မရေရာတဲ့ နေ့ရက်တွေကို ဖြတ်သန်းနေရတာပဲ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ၅ နှစ်သမီးလေးပေးတဲ့ လက်ဆောင်လေးကို ယူရင်း ပီတိဖြစ်နေခဲ့တဲ့ မေဦးရဲ့ လက်ရှိဘဝအကြောင်းလေးကို အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ 

May Oo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။