Top Gun:Maverick ဟာBox Office မှာဝင်ငွေအများကြီးရရှိထားပြီး အကြီးအကျယ်အောင်မြင်နေချိန်မှာ ထုတ်လုပ်သူ Paramount အတွက်စိတ်မချမ်းသာစရာတစ်ခုပေါ်လာပါတယ်။အဲ့ဒါကတော့ ဇာတ်ကားရဲ့မူပိုင်ခွင့်အတွက် တရားစွဲခံထားရတာပါ။ဒါပေမဲ့ မူပိုင်ခွင့်ရှိသူက ကွယ်လွန်သွားပြီမလို့ သူ့ရဲ့ဆွေမျိုးတွေကသာ တရားစွဲထားတာဖြစ်ပါတယ်။

စွဲဆိုသူကတော့ ၁၉၈၉ ခုနှစ်က Top Gun ရုပ်ရှင်မှီငြမ်းထားတဲ့ ဆောင်းပါးကိုရေးသားခဲ့သူ Ehud Yonay ရဲ့ ကျန်ရစ်ခဲ့တဲ့ဇနီး Shosh နဲ့ သားဖြစ်သူ Yuval Yonay တို့ပါ။သူတို့ဟာဆောင်းပါးရဲ့မူပိုင်ခွင့်ကိုရရှိဖို့ ၂၀၁၈ ခုနှစ်တုန်းကစကြိုးစားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာရရှိခဲ့တယ်လို့သိရပါတယ်။Paramount ဟာ Top Gun:Maverick ထွက်ချိန်မှာတော့ သူတို့ကိုလုံးဝ မဆက်သွယ်ခဲ့ပါဘူးတဲ့။

ကယ်လီဖိုးနီးယားပင်မခရိုင်တရားရုံးကနေ စွဲဆိုထားတဲ့အမှုတွဲထဲမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကစပြီး ဇာတ်လမ်းရဲ့မူပိုင်ခွင့်ကို သူတို့ကရရှိခဲ့ပေမဲ့ Paramount ကအရေးမလုပ်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။Paramount ကတော့ ဒီစွပ်စွဲချက်ဟာ မမှန်ကန်ကြောင်း၊ကြံ့ကြံ့ခိုင်ခိုင်နဲ့ တရားရင်ဆိုင်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားခဲ့ပါတယ်။

၁၉၈၃ ခုနှစ်မှာ ဆောင်းပါးရှင်ဟာ စစ်လေယာဥ်မှူးတွေရဲ့ ဘဝနေထိုင်မှုနဲ့ Cinematic ဖက်ရှင်ကိုဖော်ပြတဲ့ ဆောင်းပါးတစ်ပုဒ်ကိုရေးသားခဲ့ပြီး Paramount ကအဲ့ဒီဆောင်းပါးကိုရုပ်ရှင်ရိုက်ကူးဖို့ မူပိုင်ခွင့်ရယူခဲ့ပြီးနောက် Top Gun ရုပ်ရှင်ဟာ ၁၉၈၉ ခုနှစ်မှာထွက်လာခဲ့ပါတယ်။အဲ့တုန်းကမူပိုင်ခွင့်ကို Paramount က ၃၅ နှစ်အထိပိုင်ဆိုင်ခွင့်ရှိခဲ့ပါတယ်။

Ehud Yonay

Paramount အနေနဲ့ ဇာတ်လမ်းပေါ်မူတည်ပြီး နောက်ထပ်ရုပ်ရှင်ရိုက်ချင်ရင် ခွင့်တောင်းသင့်ကြောင်း၊မူပိုင်ခွင့်ရှိနေပေမဲ့လည်း သက်တမ်းကုန်နေပြီမလို့ ပြန်တိုးဖို့လိုအပ်ကြောင်းYonay မိသားစုကပြောခဲ့ပါတယ်။သူတို့မူပိုင်ခွင့်စယူခဲ့ချိန်ကစပြီး Top Gun:Maverick ထွက်လာချိန်ဟာ ၃၉ နှစ်တောင်ကွာသွားပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။