Comic တစ်ခုကိုအခြေခံထားပြီး Amazon ရဲ့ Prime Video ကလက်ရှိထုတ်လွှင့်နေတဲ့ The Boys ဇာတ်လမ်းတွဲကိုတော့ စူပါဟီးရိုးပရိသတ်ဆိုရင် မကြိုက်သူရှိမှာမဟုတ်ပါဘူး။

စူပါဟီးရိုးဇာတ်လမ်းကိုမှ တခြားဇာတ်လမ်းတွေနဲ့မတူပဲ သွေးသံရဲရဲ R-rated နဲ့ပြထားလို့ လူတွေကိုကယ်တင်တဲ့ စူပါဟီးရိုးတွေကို မြင်ရမှာမဟုတ်ပဲ နည်းမျိုးစုံနဲ့ဒုက္ခပေးနေတဲ့ စူပါဟီးရိုးတွေကိုပဲ မြင်ရမှာပါ။Season 1 နဲ့ 2 နှစ်ခုထွက်ရှိထားပြီး ဒီနေ့ ဂျွန်လ ၃ ရက်နေ့မှာ Season 3 စတင်ထွက်ရှိမှာဖြစ်ပါတယ်။

Season 1 နဲ့ 2 ထဲကသရုပ်ဆောင်တွေအများကြီးနဲ့အတူ Super Natural မင်းသား Jesen Ackles ကလည်း Soldier Boy အဖြစ်ပါဝင်လာမဲ့ Season 3 ဟာ အရင်နှစ်ခုထက်အများကြီးပိုကြမ်းလာမှာပါ။Trailer တွေကြည့်ရတာနဲ့တင် လုံးဝမထင်မှတ်ထားတဲ့ဇာတ်ကွက်တွေပါလာပြီး ကြည့်ရတာအရမ်းအားရစရာကောင်းနေမှာသေချာပါတယ်။Character Development တွေလည်း တော်တော်များများတွေ့ရမယ်လို့ ခန့်မှန်းရပါတယ်။

Season 3 မှာစုစုပေါင်း Episode ရှစ်ခုပါဝင်မှာဖြစ်ပြီး Episode 1 ကနေ 3 ထိကို မြန်မာစံတော်ချိန် ဂျွန်လ ၃ ရက်နေ့ နေ့လည်တစ်နာရီခွဲမှာ စကြည့်နိုင်ပါပြီ။ကျန်တဲ့ Episode ၅ ခုကိုတော့ အပတ်စဥ်တစ်ပိုင်းစီ ထုတ်လွှင့်ပြသသွားမှာဖြစ်ပြီး ဂျူလိုင်လ ၁ ရက်နေ့မှာ Episode တွေအားလုံးပြသပြီးစီးမှာဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။