ကိုရီးယားဇာတ်လမ်းတွဲဖြစ်ဖြစ်၊တခြားဇာတ်လမ်းတွဲဖြစ်ဖြစ် အပိုင်းတစ်ခုချင်းစီမှာ Runtime ဟာများသောအားဖြင့် မိနစ် ၂၀ ကနေ ၄၀ မိနစ်ကြားရှိကြပါတယ်။တချို့တွေမှာတော့ တစ်နာရီဝန်းကျင်လောက်ရှိပြီး တချို့ကတော့ Season တစ်ခုရဲ့နောက်ဆုံးအပိုင်းက Runtime အများကြီးပိုကြာတတ်ပါတယ်။လာမဲ့ Stranger Things Season အသစ်ကတော့ ဇာတ်လမ်းတွဲတွေရဲ့ Runtime စနစ်တစ်ခုလုံးကိုပြောင်းပြန်လှန်ပစ်တော့မှာပါ။

ရှေ့ Season တွေနဲ့မတူပဲ ခုလာမဲ့ Season 4 ဟာ Volume နှစ်ခုနဲ့လာမှာပါ။ပထမ Volume မှာ Episode ၇ ခုပါဝင်မှာဖြစ်ပြီး တစ်ခုချင်းစီရဲ့ Runtime တွေကရုပ်ရှင်တစ်ကားစာလောက်ကိုရှိပါတယ်။Episode အလိုက် Runtime တွေကတော့

Episode 1:The Hellfire Club – ၁ နာရီ ၁၆ မိနစ်

Episode 2:Vecna’s Curse - ၁ နာရီ ၁၅ မိနစ်

Episode 3:The Monster and The Superhero - ၁ နာရီ ၃ မိနစ်

Episode 4:Dear Billy - ၁ နာရီ ၁၇ မိနစ်

Episode 5:The Ninja Project - ၁ နာရီ ၁၄ မိနစ်

Episode 6:The Dive - ၁ နာရီ ၁၃ မိနစ်

Episode 7:The Massacre at Hawkins Labs - ၁ နာရီ ၃၈ မိနစ် တို့ပါ။

Volume 2 ထဲကနှစ်ပိုင်းကတော့

Episode 8:Papa - ၁ နာရီ ၂၅ မိနစ်

Episode 9:The Piggyback - ၂ နာရီ ၃၀ မိနစ်တို့ဖြစ်ပါတယ်။

Volume 1 ဟာမေလ ၂၇ ရက်နေ့မှာ ၇ ပိုင်းလုံးစတင်ထွက်ရှိမှာဖြစ်ပြီး Volume 2 ကတော့ ငါးပတ်အကြာ ဂျူလိုင်လ ၁ ရက်နေ့မှာထွက်ရှိမှာဖြစ်ပါတယ်။တစ်နာရီအောက်တောင် တစ်ပိုင်းမှမရှိတာကိုတွေ့ရပြီး နောက်ဆုံးပိုင်းဆို ၂ နာရီဆက်တိုက် လုံးဝ Movie Franchise ကြီးတစ်ခုတချိန်တည်းမှာထွက်လာသလိုကို ခံစားရမှာဖြစ်ပါတယ်။Season တစ်ခုကို တစ်ညတည်းနဲ့ အပြီးကြည့်တဲ့သူတွေ Stranger Things Season 4 ကိုတော့ အဲ့လိုလုပ်လို့မရတော့ဘူးနော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။