လာမယ့် ၂၀၂၃ ခုနှစ်မှာ One piece အငွေ့အသက်တွေအပြည့်ရစေမယ့် Gym ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာရှိတဲ့ ရှီဘုယ မှာ ဖွင့်တော့မှာပဲဖြစ်ပါတယ်။ One piece ဆိုတာကတော့ စတင်ထွက်ရှိတည်းက ယနေ့တိုင် တော်တော်လေးကို ကျော်ကြားနေဆဲဖြစ်တဲ့ animation series တွေထဲက တစ်ခုပဲဖြစ်ပါတယ်။

အဆိုပါ Gym မှာဆိုရင် Gym trainer တွေက ရေတပ်အရာရှိပုံစံဝတ်ဆင်ထားမှာ ဖြစ်ပြီး လာရောက်ကစားသူတွေရဲ့ ကိုယ်ကာယ လေ့ကျင့်နှုန်းတွေပိုမိုတိုးတက်စေဖို့အတွက်လည်း အမှတ်ပေးစနစ်ပုံစံနဲ့ စီစဉ်ထားတာပဲဖြစ်ပါတယ်။

နောက်ထပ်အချက်အလက်တွေကိုလည်း မကြာခင်မှာ ထုတ်ပြန်ပေးသွားမယ်လို့ ဆိုပါတယ်။

source - animenewsnetwork

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။