စာဖတ်သူတို့အနေနဲ့ Hollywood နဲ့အနောက်ပိုင်း နိုင်ငံတွေကရိုက်ကူးတ‌ဲ့ သရဲကား လူသတ်ကား စတာတွေကို ကြည့်ရှူရတာ ပျင်းနေပါပြီလား။ ပျင်းနေပြီဆိုရင်တော့ အရှေ့ပိုင်းဖြစ်တဲ့ Asia နိုင်ငံက ထိတ်လန့်ကြောက်လန့်ဖွယ်ရာကောင်းပြီး ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။ အာရှကားတွေထဲက Bong Joon Ho ရဲ့ Parasite ကားဟာ ဥပမာပေးလို့အကောင်းဆုံးပါပဲ။ ဒါကြောင့် အောက်မှာ ထိတ်လန့်ဖွယ်ရာကောင်းပြီး ပါးစပ်အဟောင်းသာ ဖြစ်သွားစေမယ့် ရုပ်ရှင်ကားတွေကို ဖော်ပြပေးလိုက်ပါတယ်။

Oldboy (South Korea)

ပထမဆုံးအနေနဲ့ အကြွင်းမဲ့ ဂန္ထဝင်ကားလေးကို အရင်ဖော်ပြပေးလိုက်ပါတယ်။ Oldboy ဟာ နောက်ဖော်ပြသွားမယ့် ကားတွေလို ကြောက်စရာကောင်းလှတဲ့ ပုံစံမျိုးမဟုတ်ပေမယ့် ဒီကိုရီးယားကားဟာ အံ့ဩဖွယ်‌ကောင်းအောင် ထိတ်လန့်မှုမျိုးကို ပေးနိုင်တဲ့ Masterpiece ကားတစ်ကားဖြစ်ပါတယ်။ Hollywood ကတောင် ဒီရုပ်ရှင်ကားကို ပြန်ရိုက်ရတဲ့ထိပါပဲ။ ဒါရိုက်တာ Park Chan-wook ရိုက်ထားတဲ့ Oldboy ဟာ ရုပ်ရှင်လောကတွင် ငြင်းမရအောင် ဇာတ်အိမ်‌ကောင်းတဲ့ ရုပ်ရှင်ကားတစ်ကားပါ။ ၂၀၀၃ ခုနှစ်တုန်းက ကြည့်ရှု့ခဲ့တဲ့သူတွေလို ရသမျိုးကို မပေးနိုင်ပေးမယ့် ရုပ်ရှင်ရဲ့ စွမ်းအားကိုတော့ သင်ငြင်းနိုင်မှာမဟုတ်ပါဘူး။ ဒီကားရဲ့ အကောင်းဆုံး ထိတ်လန့်စရာအပိုင်းကတော့ အထင်ကရလှည့်ကွက်နဲ့ အဆုံးသတ်သွားတာပါပဲ။

Visitor Q (Japan)

ဒီဂျပန်ကားကတော့ ဒါရိုက်တာ Takashi Miike ရိုက်ကူးထားတဲ့ ထိတ်လန့်စရာ ရုပ်ရှင်ကား တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးက ခရီးသွား သူစိမ်းတစ်ယောက်ဟာ ဂျပန်နိုင်ငံက မိသားစုတစ်ခုဆီကို လာရောက်လည်ပတ်ခဲ့ပြီး သူတို့ကို ထာဝရပြောင်းလဲစေခဲ့ပါတယ်။ အဲ့ဒီက‌နေ ဘာတွေဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုရမှာပါ။ Trailer ကလည်း ဘယ်ရုပ်ရှင်ကားရဲ့ Trailer နဲ့မှမတူတာကိုတွေ့မြင်ရမှာပါ။ မိသားစုနဲ့မကြည့်ဖို့တော့ သတိပြုရပါမယ်။

Dumplings (Hong Kong)

ဒီတရုတ်ဇာတ်ကားလေးဟာ တကယ်ကို အလယ်အလတ်လောက်မှာ နာမည်ရခဲ့ပါတယ်။ ပြောင်မြောက်တဲ့ ဒဏ္ဍာရီရုပ်ရှင် Three Extremes တွင် အတိုချုံးအဖြစ် စတင်ကာ နောက်ပိုင်းတွင် Dumplings ဟာ အပြည့်အစုံသို့ ချဲ့ထွင်ခဲ့ပါတယ်။ ပြေးချိန်က မိနစ် 40 သို့မဟုတ် တစ်နာရီခွဲပဲ ဖြစ်ဖြစ်၊ ဒီအလှတရားရဲ့ ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းက မျိုချရခက်ပါတယ်။ ဒီကားကိုကြည့်ပြီရင်လည်းလသင့်ကို မေးခွန်းထုတ်စေပါလိမ့်မယ်။ ထိတ်လန့်စရာ အကောင်းဆုံးအပိုင်းမှာ Mrs.Li နဲ့ သူမရဲ့ ကိုယ်ဝန်ပါပဲ။

Tokyo Gore Police (Japan)

ဒီကားကတော့ ရဲတွေနဲ့ ပါဝါရှိလူသားတွေကြားက ပြဿနာကို ထိတ်လန့်ကြောက်မက်ဖွယ်ရာ ကောင်းအောင်ရိုက်ထားတာဖြစ်ပါတယ်။ ဂျပန်ကားတွေရဲ့ သူမတူအောင်ရိုက်ချက်တွေက သင့်ကို Horror ဆန်ဆန် အရသာ ပေးစွမ်းပါလိမ့်မယ်။ ဒီဇာတ်လမ်းကိုကြည့်မယ်ဆိုရင်လည်း မိသားစုနဲ့အတူ မကြည့်သင့်ပါဘူး။ ထိတ်လန့်စရာအကောင်းဆုံးမှာ လှပတဲ့ Alligator Girl ပဲဖြစ်ပါတယ်။ သူမကို Tokyo Gore Police Alligator Girl ဆိုပြီး Google မှာရှာကြည့်နိုင်ပါတယ်။

The Isle (South Korea)

ဒါရိုက်တာ Kim Ki-duk ရိုက်ကူးတဲ့ ဒီ The Isle ကားဟာ Venice ရုပ်ရှင်ပွဲတော်မှာ လူတော်တော်များများကို ထိတ်လန့်စေခဲ့ပါတယ်။ The Isle ဟာ စိတ်အနှောက်အယှက်အဖြစ်စေဆုံး အချစ်ဇာတ်လမ်းများထဲမှ တစ်ခုကို ဝင်ရောက်လာတဲ့ သူစိမ်းနှစ်ယောက် Hee-jin နှင့် Hyun-shik တို့ကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီကားရဲ့ ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သင့်မျက်လုံးတွေကို မလွဲနိုင်ပါဘူး။ တော်တော်များများက Kim Ki-duk ကို ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ သိလာကြပေမယ့် ဒါက သူ့ရဲ့ ပွဲထွက်ပါတီနဲ့တူတယ်လို့ ခံစားရပါတယ်။ ထိတ်လန့်စရာအကောင်းဆုံးမှာ ငါးမျှားချိတ်မှာ သေကြောင်းကြံဖို့ ကြိုးစားမှု ပဲဖြစ်ပါတယ်။

သတင်းအရင်းမြစ်: Flickeringmyth

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။