ဖျော်ဖြေရေးနယ်ပယ်ထဲက ကုမ္ပဏီကြီးနှစ်ခုဟာ ကလေးတွေအတွက်ရည်ရွယ်တဲ့ Metaverse တစ်ခုကိုတည်ထောင်ဖို့ လက်တွဲလိုက်ကြောင်းသိရပါတယ်။အဆိုပါကုမ္ပဏီကြီးတွေကတော့ Fornite ဂိမ်းရဲ့ Developer Epic နဲ့ နာမည်ကြီး Lego ကုမ္ပဏီတို့ဖြစ်ပါတယ်။ “ကလေးတွေနဲ့မိသားစုတွေအတွက် ပျော်စရာကောင်းတဲ့၊ဖျော်ဖြေရေးဦးစားပေးတဲ့ Metaverse တစ်ခုဖန်တီးဖို့အတွက် အရမ်းစိတ်လှုပ်ရှားနေပါတယ်”လို့ Epic ရဲ့ CEO Tim Sweeney ကထုတ်ပြန်ချက်တစ်ခုမှာထုတ်ပြန်ခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေကိုတော့ မသိရသေးပေမဲ့ ကုမ္ပဏိနှစ်ခုဟာ မိသားစုတွေအတူတူအသုံးပြုနိုင်မဲ့ Metaverse Space တစ်ခုကိုဖန်တီးမှာဖြစ်ကြောင်းသိရပါတယ်။ “The Lego နဲ့ Epic Games တို့ဟာသူတို့ရဲ့အတွေ့အကြုံတွေကိုအသုံးချပြီး အင်တာနက်ပေါ်မှာကလေးတွေအတွက် သင့်တော်မဲ့နေရာတစ်ခု တည်ဆောက်မှာဖြစ်ပါတယ်”လို့ကုမ္ပဏီနှစ်ခုရဲ့ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။

ဒီနှစ်ခုလက်တွဲပြီးလုပ်မယ်ဆိုတာက တော်တော်တော့အဓိပ္ပါယ်ရှိပါတယ်။Epic ကလည်း Virtual World တွေဖန်တီးတဲ့နေရာမှာ အတွေ့အကြုံတွေအများကြီးရှိပြီး Lego ကလည်း Video Game တွေပေါ်ကို အာရုံစိုက်နေတာကြာပါပြီ။လောလောဆယ်မှာ Lego Star Wars:The Skywalker Saga ကိုဖြန့်ချီထားပြီး Minecraft နဲ့ Roblox တို့လိုနာမည်ကြီးဂိမ်းတွေပေါ်မှာလည်းရှိပါတယ်။

အဲ့ဒီ Metaverse ကဘယ်လိုပုံစံဖြစ်လာမလဲဘယ်အချိန်မှာထွက်မလာမလဲတော့ အသေးစိတ်မသိရသေးပါဘူး။ဒါပေမဲ့အဲ့ဒီ Metaverse နဲ့ပတ်သက်ပြီးတော့စည်းကမ်းချက်သုံးခုကိုတော့ချထားပါတယ်။အဲ့ဒီသုံးခုက လုံခြုံစိတ်ချရပြီး ကလေးတွေကိုဦးစားပေးခြင်းနဲ့ သူတို့ရဲ့ကစားခွင့်ကိုကာကွယ်ဖို့၊သူတို့စိတ်ဝင်စားတာကို ဦးစားပေးပြီး ကလေးတွေရဲ့ Privacy ကိုထိန်းသိမ်းဖို့၊သူတို့ရဲ့ Digital အတွေ့အကြုံနဲ့ပတ်သက်လို့ သူတို့ကိုထိန်းချုပ်ခွင့်ပေးပြီး လုပ်နိုင်စွမ်းကိုမြှင့်တင်ပေးဖို့တို့ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။