မြန်မာနိုင်ငံမှာ Dota 2 ကစားသူတွေ၊E-sports ပရိသတ်တွေဆိုရင် Yagon Galacticos အသင်းကိုသိကြမှာပါ။ကမ္ဘာ့အဆင့် နံပါတ် ၆၃ မှာရပ်တည်နေတဲ့ မြန်မာ့ဂုဏ်ဆောင် Dota 2 အသင်းတစ်သင်းဖြစ်ပါတယ်။လက်ရှိမှာ Yangon Galacticos အသင်းဟာ ဖေဖော်ဝါရီလ ၉ ရက်နေ့ကစတင်ခဲ့တဲ့ MESA League Season 1 မှာပြိုင်ပွဲဝင်နေပါတယ်။

အဆိုပါပြိုင်ပွဲမှာ Yangon Galacticos နဲ့အတူ တခြားအရှေ့တောင်အာရှနိုင်ငံတွေက အသင်းပေါင်း ၈ သင်းပါဝင်ယှဥ်ပြိုင်နေကြပါတယ်။ပြီးခဲ့တဲ့ ဧပြီလ ၄ ရက်နေ့က YG အသင်းဟာ ဖိလစ်ပိုင်အသင်းဖြစ်တဲ့ Execration အသင်းကိုပထမဂိမ်းနှစ်ပွဲမှာတင် 2:0 နဲ့အနိုင်ရရှိခဲ့ပြီးနောက် ဂရင်းဖိုင်နယ်ကိုတက်ရောက်သွားပြီဖြစ်ပါတယ်။ဒါကြောင့် လာမဲ့ဧပြီလ ၁၆ ရက်နေ့မှာ မွန်ဂိုလီးယားနိုင်ငံကိုသွားရောက်ပြီး ဂရမ်းဖိုင်နယ်ပွဲကိုဆော့ကစားရမှာပါ။

YG အဖွဲ့ကသူတို့မွန်ဂိုလီးယားကိုသွားတော့မယ်ဆိုတာကိုသူတို့ရဲ့ Facebook Page မှာတင်ထားပါတယ်။ပွဲစဥ်တွေကိုစောင့်ကြည့်ပြီး YG အသင်းကိုအားပေးချင်ရင်လည်း သူတို့ရဲ့ Facebook Page ကို Follow ထားနိုင်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။