Among Us ဟာ Pokémon Go တို့လိုပဲ ထွက်ထွက်ပြီးချင်းချင်း အရမ်းလူကြိုက်များရေပန်းစားခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။နာမည်ကြီးတုန်းကလည်း တကမ္ဘာလုံး Among Us မဆော့သူမရှိသလောက်နာမည်ကြီးခဲ့ပြီး ခုချိန်ထိလည်း လူသန်းပေါင်းများစွာ Platform ပေါင်းစုံပေါ်မှာ ဆက်လက်ဆော့ကစားနေကြဆဲဖြစ်ပါတယ်။

Image via Innersloth

Developer တွေကလည်း ဂိမ်းကိုအစစအရာရာပြည့်စုံအောင် update တွေနဲ့အသစ်အသစ်တွေ ဆက်ထည့်နေဆဲပါ။အခုလည်း Among Us ဂိမ်းဟာ Update ကြီးတစ်ခုကိုရရှိလိုက်ပြန်ပါပြီ။Friend list,Skin အသစ်တွေနဲ့တခြားအသစ်တွေအများကြီး ထပ်ပါဝင်လာပါတယ်။

Image via Innersloth

အခုဆို Among Us ကစားသူတွေဟာ တစ်ယောက်နဲ့တစ်ယောက်မတူတဲ့ Friend Code တွေပို့ပြီး In-game Friend ဖွဲ့ထားနိုင်ပြီဖြစ်ပါတယ်။အဲ့လိုနဲ့ Friend list ထဲထည့်ထားနိုင်ပြီး ဂိမ်းပွဲတွေထဲမှာ တစ်ယောက်နဲ့တစ်ယောက် Invite လုပ်နိုင်ပါတယ်။ကိုယ့် Code ကိုဖျောက်ထားနိုင်ပြီး မကြိုက်တဲ့သူတွေကိုလည်း Block ထားနိုင်ပါတယ်။ဒါပေမဲ့ Friend တွေက ဂိမ်းထဲမှာရှိနေလား၊မရှိနေဘူးလားပြတဲ့ Active Status ကတော့မပါ‌သေးပါဘူး။Skin အသစ်တွေလည်းအများကြီးပါဝင်လာပါတယ်။

Image via Innersloth

Scream နဲ့ Collab လုပ်ထားတဲ့ Scream Masks တွေနဲ့ Scream robes တွေကိုစမြင်ရမှာဖြစ်ပြီး ဧပြီလ ၃၀ ရက်နေ့ထိဂိမ်းပေါ်မှာ အဲ့ဒီ Skin တွေရှိနေမှာဖြစ်ပါတယ်။

Image via Innersloth

Halo Infinite နဲ့ Collab မှာတော့ စပါတန်ချပ်ကာ၊စပါတန်‌ခေါင်းဆောင်းနဲ့ Guilty Spark အကောင်လေးတွေပါဝင်ပါတယ်။ဒါပေမဲ့ Xbox နဲ့ Miscrosoft Store ကကစားသူတွေပဲ ရရှိနိုင်ပါတယ်။

Image via Innersloth

Ratchet Clank နဲ့ Collaboration မှာလည်း Ratchet ရဲ့ဦးထုပ်၊အဝတ်အစားတွေနဲ့ အကောင်လေးပါပါဝင်ပါတယ်။ဒီဟာကတော့ PlayStation နဲ့ကစားသူတွေအတွက်သီးသန့်ပါ။ဂိမ်းထဲကို Log in ဝင်လိုက်တာနဲ့ဒီ Item တွေကိုရရှိနိုင်မှာဖြစ်ပါတယ်။

Screenshot from Innersloth 

ဒီ Update နဲ့အတူ ဂိမ်းအကောင့် Link ချိတ်တာတွေ၊အကောင့်ပြန် Reset ချတဲ့နေရာတွေမှာဖြစ်နေတဲ့ Error တွေကိုပြင်ဆင်ထားတယ်လို့လည်းသိရပါတယ်။ ဆော့ရတာအရမ်းပျော်ဖို့ကောင်းတဲ့ ဂိမ်းလေးပေါ်ကို Collaboration အသစ်တွေနဲ့ Skin အသစ်တွေအများကြီးထပ်ရောက်လာတာကြောင့် ကစားသူတွေလည်း အများကြီးထပ်တိုးလာဦးမှာသေချာပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။