Dancer တစ်ယောက်ရဲ့ကကွက်တွေကို ခိုးယူတယ်ဆိုပြီး Fornite ကတော့နောက်တစ်ခေါက်တရားဆွဲခံရပြန်ပါပြီ။Fornite ရဲ့ Emote ကကွဥ◌်တွေထဲကတစ်ခုဟာ Dancer တစ်ယောက်တီထွင်ထားတဲ့ကကွက်တစ်ခုနဲ့လုံးဝတူနေလို့ဆိုပြီး တရားစွဲဆိုခံရတာဖြစ်ပါတယ်။Kyle Hanagamy ဆိုသူ Dancer တစ်ယောက်ရဲ့ကကွက်ကိုခိုးထားတယ်ဆိုပြီး Fornite ရဲ့ Developer ဖြစ်တဲ့ Epic Game ကိုတရားစွဲထားတာပါ။

ကကွက်နှ

Fornite Infringement of Kyle Hanagami Choreography ဆိုတဲ့ Video ကို YouTube ပေါ်မှာ David Hecht ကတင်ထားပါတယ်။အဲ့ဒီ Video ထဲမှာ‌တော့ Charlie Puth ရဲ့ How Long ကို Kyle ကထားတဲ့ Video နဲ့ Fornite က Emote အကတွေကိုဘေးချင်းယှဥ်ပြထားတာကိုတွေ့ရမှာပါ။ကကွက်တွေကလည်း တစ်ခုနဲ့တစ်ခုအားလုံးနီးပါးဆင်တူတာကိုတွေ့ရမှာဖြစ်ပါတယ်။

အရင်ကကကွက်တွေကိုယူသုံးထားတဲ့အကြောင်း Breakdown Video 

ဒီတရားစွဲမှုဟာ Fornite ကကွက်တွေအတွက် ပထမဆုံးမူပိုင်ခွင့်နဲ့တရားစွဲခံရတာတော့မဟုတ်ပါဘူး။Fornite ထဲကအထင်ကရကကွက်တချို့ဟာလည်း မူပိုင်ခွင့်မရှိပဲယူသုံးထားတယ်ဆိုပြီး တရားစွဲခံထားရပါတယ်။လက်နှစ်ဖက်လုံးကိုယမ်းပြီးကရတဲ့ Floss ကကွက်ဟာဆိုရင်လည်း မူပိုင်ခွင့်မရှိပဲယူသုံးထားတယ်လို့ တရားစွဲခံထားရပြီး The Fresh Prince of Bel-Air ဆိုတဲ့ဇာတ်လမ်းတွဲထဲက နာမည်ကြီးကကွက်တစ်ခုကိုလည်း ခွင့်မရှိပဲယူသုံးထားပါတယ်တဲ့။

Dancer တွေတီထွင်ထားတဲ့ကကွက်တွေကို Epic ကခွင့်ပြုချက်မရှိပဲယူသုံးထားတာဟာ တော်တော်လေးကို ethic မရှိတဲ့လုပ်ရပ်လို့ Gaming Website တော်တော်များများကဝေဖန်ထားကြပါတယ်။Hanagami နဲ့သူ့ရဲ့ရှေ့နေတို့ကတော့ Fornite ထဲက It’s Complicated လို့အမည်ရတဲ့ Emote ကိုဖယ်ရှားခိုင်းထားပြီး လျော်ကြေးငွေတောင်းခံထားတယ်လို့လည်းသိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။