လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်လောက်က ကမ္ဘာအနှံ့အပြားမှာ နာမည်ကြီးခဲ့တဲ့ ချစ်စရာဂိမ်းလေး Among Us ဟာ Xbox ရဲ့ Halo နဲ့အတူ Colleboration ပြုလုပ်မယ်လို့ကြေညာလိုက်ပါတယ်။အဲ့အကြောင်းကို Among Us က Tweet တစ်ခုနဲ့အတည်ပြုထားတာပါ။တင်ထားတဲ့ပုံထဲမှာ Among Us Character လေးကို Halo ထဲကဝတ်စုံဝတ်ထားပြီး လက်ထဲမှာလည်း Halo သေနတ်တစ်လက်ကိုင်ထားတာကိုတွေ့ရပါတယ်။လောလောဆယ်တော့ အဲ့ဒီပုံလေးတင်ထားတာကိုပဲတွေ့ရပြီး တခြားဘာမှအတည်ပြုထားတာ၊ထပ်ချပြထားတာမရှိသေးပါဘူး။
watch out @Halo
— Among Us (@AmongUsGame) March 29, 2022
the Impostor is coming for u... very soon. ? pic.twitter.com/5NZlksiJJV
Paramount+ ကနေ Halo ဇာတ်လမ်းတွဲအသစ်ကိုပြသတော့မှာမလို့ ဒီ Colleboration ကိုချပြတာဖြစ်နိုင်ပါတယ်။ဒီ Colleboration ကနေမြင်ရနိုင်တာတွေကတော့ Among Us Skin တွေ၊လက်နက်တွေနဲ့ သတ်လိုက်တဲ့ Animation တွေပါလာနိုင်ပါတယ်။ဒါပေမဲ့အခမဲ့မရနိုင်ပဲ ဝယ်သုံးရမဲ့ Skin တွေဖြစ်နိုင်ပါတယ်။

Halo နဲ့ collaboration ကြောင့် Among Us ပေါ်ကိုကစားသမားအသစ်တွေအများအပြားထပ်မံရောက်ရှိလာနိုင်မှာပါ။ဘယ်အချိန်မှာ ဒီ Colleboration စမလဲ၊ဘာတွေပါဝင်လာမလဲဆိုတာအသေးစိတ်မသိရသေးပါဘူး။အရမ်းမိုက်ပြီး ပျော်စရာကောင်းတဲ့ ဂိမ်းလေးထဲကိုနောက်ထပ်အရမ်းမိုက်တဲ့ ဂိမ်းတစ်ခုထပ်ရောက်လာမှာမလို့ စောင့်ကြည့်သင့်တဲ့ Event လေးတစ်ခုပါပဲ။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။