EA ဟာသနာမည်ကြီးဘောလုံးဂိမ်းတွေဖြစ်တဲ့ FIFA ဂိမ်းတွေပေါ်ကနေ ဂန္တဝင်ဘောလုံးကစားသမား ဒီရေဂိုမာရာဒိုနာကို ဖယ်ရှားပစ်လိုက်ရပါတယ်။အကြောင်းရင်းကတော့ EA ကမာရာဒိုနာရဲ့ပုံကို သုံးပုံခွင့်မရှိပဲသုံးထားတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။EA ဖက်ကတော့သူ့ရဲ့နောက်ဆုံးဆွေမျိုးတွေနဲ့ သဘောတူညီချက်တစ်ခုလုပ်ဖို့ကိုခက်ခဲနေတယ်လို့ထုတ်ပြန်ထားပါတယ်။

Photo via EA

ဒါကြောင့် မာရာဒိုနာဟာ Console ပေါ်မှာရော၊မိုဘိုင်းဗားရှင်းပေါ်က FIFA 22 ပေါ်မှာရောရှိတော့မှာမဟုတ်ပါဘူး။ဒီဖြစ်ရပ်ဟာ မူပိုင်ခွင့်ကိစ္စကြောင့် FIFA ဂိမ်းတွေပေါ်ကနေ ဂန္တဝင်ကစားသမားတစ်ယောက်ကိုဖယ်ပစ်ရတဲ့ ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။အငြင်းပွားမူဖြစ်နေတာကလည်း တော်တော်ကြာပါပြီ။

Photo via EA

ပြီးခဲ့တဲ့နှစ်က EA ဟာမာရာဒိုနာရဲ့ပုံစံတူတွေကို အသုံးပြုနိုင်ဖို့အတွက် သူ့ရဲ့မန်နေဂျာဟောင်းဖြစ်သူ Stefano Ceci ဖြစ်သူနဲ့ဆွေးနွေးခဲ့တယ်လို့ အာဂျင်တီးနားမီဒီယာတွေကဖော်ပြခဲ့ပါတယ်။ဒါပေမဲ့ဒါဟာသူ့မန်နေဂျာပိုင်တဲ့ကိစ္စလည်းမဟုတ်ပါဘူး။မာရာဒိုနာသေဆုံးပြီးချိန်ကတည်းက Sattvica ဆိုတဲ့ကုမ္ပဏီဟာကမ္ဘာအနှံ့က တရားရုံးပေါင်းများစွာမှာ မာရာဒိုနာရဲ့နာမည်၊မာရာဒိုနာဆိုတဲ့ အမှတ်တံဆိပ်နဲ့ သူနဲ့ပုံစံတူတွေကို မူပိုင်ခွင့်ရရှိဖို့ လျှောက်လှဲချက်တင်ထားပါတယ်။တကယ်တော့ပြဿနာဟာ အဲ့ဒီကုမ္ပဏီနဲ့ မာရာဒိုနာရဲ့ကလေးတွေကြားက ပြဿနာပါ။အဆိုပါကုမ္ပဏီဟာ မာရာဒိုနာရဲ့ရှေ့နေဟောင်းတစ်ဦးဖြစ်သူ Matias Moria ပိုင်ဆိုင်တဲ့ကုမ္ပဏီဖြစ်ပါတယ်။

Photo via EA

မာရာဒိုနာဖယ်ရှားခံထားရတဲ့အတွက် FIFA 22 နဲ့ FIFA Mobile 22 ပရိသတ်တွေကတော့ တော်တော်စိတ်ပျက်နေကြပါတယ်။EA ဟာအရင်တုန်းကမာရာဒိုနာနဲ့ လူကိုယ်တိုင်ရော၊နောက်ပိုင်းသူ့ပုံတွေကိုသုံးခွင့်ရှိတဲ့ ကုမ္ပဏီတွေကနေတဆင့်ရော မူပိုင်ခွင့်ယူခဲ့ပါတယ်။မာရာဒိုနာတစ်ယောက် ဂိမ်းတွေပေါ်ပြန်ရောက်လာမလား၊ဘယ်ချိန်ပြန်ရောက်မလဲဆိုတာ မသေချာသေးပါဘူး။ပြဿနာမပြီးသေးမချင်းတော့ ပြန်မရောက်လာနိုင်သေးဘူးလို့ထင်ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။