ဘာဟူဘာလီ ရုပ်ရှင်ဇာတ်ကားကို အားလုံးပဲသိကြလိမ့်မယ်လို့ထင်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဝင်ငွေအများဆုံးဒီဇာတ်ကားကြီးဟာ အိန္ဒိယ နိုင်ငံရဲ့ ဂုဏ်ယူစရာဇာတ်ကားကြီး တစ်ခုဖြစ်သလို နိုင်ငံတကာမှာပါ အောင်မြင်တဲ့ဇာတ်ကားကြီးတစ်ကားပါ။ ဒါပေမယ့် လတ်တလော အိန္ဒိယမှာ ရုံတင်နေတဲ့ RRR ဆိုတဲ့ ဇာတ်ကားကြီးကတော့ မကြာခင်အချိန်အတွင်းမှာ ဘာဟူဘာလီကို စံချိန်ချိုးနိုင်လိမ့်မယ်လို့ သတ်မှတ်လို့ရနေပါတယ်...

RRR ဆိုတဲ့ ဇာတ်ကားကြီးဟာ ဘာဟူဘာလီ ရုပ်ရှင်ကို ရိုက်တဲ့ ဒါရိုက်တာ SS Rajamouli ပဲရိုက်ကူးခဲ့တာ ဖြစ်ပြီး ဒီကားမှာ Jr.NTR, Ram Charan, Ajay Davgn နဲ့ Alia Bhatt, Olivia Morris တို့ အဓိက သရုပ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်နော်...
ဒီကားဟာ India Box Office မှ တစ်နေ့ထဲနဲ့တင် ကုဋေ ၂၀၀ ကျော်ရရှိခဲ့တာ ဖြစ်ပြီး ကြည့်ပြီးသား သူတိုင်းဆီကလည်း အရမ်းကောင်းတယ်ဆိုတဲ့ချီးကျူးစကားကိုရထားတဲ့ကားတစ်ကားဖြစ်ပါတယ်...

RRR ရုပ်ရှင်က ကုဋေ ၅၀၀ သုံးထားပြီ ပထမရုံတင်ရက်မှတင် ကုဋေ ၂၀၀ ကျော်ရရှိခဲ့ပြီး ဒုတိယနေ့မှာတော့ ကုဋေ၃၅၀ ရရှိခဲ့တဲ့အတွက် မကြာခင် အိန္ဒိယရဲ့ ဝင်ငွေအများဆုံးရုပ်ရှင်ဖြစ်တဲ့ ဘာဟုဘာလီကို အများကြီးကျော်တက်သွားနိုင်တယ်လို့ အားလုံးက ခန့်မှန်းထားကြပါတယ်....

source from google/ opp channel
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။