သေနတ်ဂိမ်းဆိုရင် ဟိုဖက်ဒီဖက်အသေအကြေပစ်ကြတာတွေ၊Battle royal ဂိမ်းတွေကိုပဲ အများဆုံးပြေးမြင်ကြမှာပါ။တော်တော်များများသေနတ်ဦးစားပေးတဲ့ဂိမ်းတွေဆိုရင် သေနတ်က Realistic ဆန်တာတွေ၊ရုပ်ထွက်တွေ၊Recoil တွေကိုဦးစားပေးတတ်ကြပါတယ်။မိုဘိုင်းဖုန်းပေါ်မှာပဲ အဓိပ္ပါယ်မရှိတဲ့ Concept နဲ့ဂိမ်းလေးတစ်ခုရှိပါတယ်။ဒါပေမဲ့တော်တော်လေးဆော့လို့ကောင်းတဲ့ဂိမ်းပါ။Gun Sprint လို့အမည်ရတဲ့ဂိမ်းလေးဖြစ်ပါတယ်။

Photo via KAYAC.Inc

ဒီဂိမ်းကိုတော့ KAYAC Inc. လို့အမည်ရတဲ့ Developer ကထုတ်ပေးထားတာဖြစ်ပါတယ်။Gameplay ကတော့အဓိပ္ပါယ်မရှိသလိုပဲ တော်တော်လေးရှင်းပါတယ်။ကစားသူကသေနတ်တစ်လက်နေရာကနေကစားရမှာပါ။Screen ကိုတစ်ချက်ထိလိုက်တိုင်း ကျည်ထွက်မှာဖြစ်ပြီး သေနတ်ရဲ့ပြန်ကန်တဲ့အားကြောင့် ကျည်ရဲ့ဆန့်ကျင်ရာကိုသေနတ်ကရွေ့သွားမှာဖြစ်ပါတယ်။

Photo via KAYAC.Inc

အဲ့လိုနဲ့ ကျည်ကိုနောက်ပြန်ထွက်အောင်ပစ်ပြီး သေနတ်ကိုရှေ့ဆက်ဆက်သွားအောင်ဆော့ရမှာဖြစ်ပါတယ်။လမ်းမှာရှိတဲ့ရန်သူတွေကိုလည်း အဲ့နည်းနဲ့ပဲဆက်တိုက်ပစ်သွားရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ အထက်အောက်စီထားတဲ့အမှတ်တွေကို အမှတ်အများဆုံးရရှိအောင် ပစ်ရဦးမှာဖြစ်ပါတယ်။

Photo via KAYAC.Inc

သေနတ်အမျိုးအစားပေါင်း ၇ မျိုးကို Level အလိုက်တဖြည်းဖြည်းရရှိမှာပါ။သူ့လမ်းမှာတွေ့ရတဲ့ရန်သူတွေထဲမှာတော့ ကနေတဲ့ကောင်တွေ၊သေနတ်နဲ့ပြန်ပစ်တဲ့ကောင်တွေ၊ဓားနဲ့ကောင်တွေကိုတွေ့ရမှာဖြစ်ပါတယ်။ဒါပေမဲ့လွယ်လွန်းလို့ သူတို့ကဘာအန္တရာယ်မှဖြစ်မှာမဟုတ်ပဲ ကိုယ့်ဘာသာသေနတ်ကလည်နေတာနဲ့ တိုင်ပတ်နေမှာပါ။ဂိမ်းရဲ့ Physics ပိုင်းကတော့တော်တော်အားရစရာကောင်းပါတယ်။

Photo via KAYAC.Inc

တစ်ခုဆိုးတာကတော့ ကြော်ငြာတွေအများကြီးပါတာပါ။ဒါပေမဲ့ဂိမ်းကအင်တာနက်မလိုအပ်တာမလို့ Data Usage ကိုပိတ်ထားပြီးဆော့နိုင်ပါတယ်။Storage ပိုင်းကတော့ 219 MB လောက်သာရှိပါတယ်။ဂိမ်းကအဓိပ္ပါယ်မရှိပဲ အူကြောင်ကြောင်နိုင်တယ်လို့ပြောနိုင်ပေမဲ့ အချိန်ဖြုန်းလို့တော့ တော်တော်ကောင်းတဲ့ဂိမ်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။