မတ်လ ၂၀ ရက်နေ့က Epic Game ဟာ Fornite Season 3 ကိုစတင်ပေးခဲ့ပါတယ်။အဲ့အပြင် Season စစချင်းကစလို့ နှစ်ပတ်အတွင်း ဂိမ်းထဲက Item တွေရဲ့ရောင်းရသမျှငွေအားလုံးကို ယူကရိန်းနိုင်ငံက လူသားချင်းစာနာထောက်ထားမူအကူအညီတွေအတွက် လှူဒါန်းသွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ပထမဆုံးနေ့မှာပဲ လှူဒါန်းဖို့အတွက် အမေရိကန်ဒေါ်လာ ၃၆ သန်းရရှိထားပြီးကြောင်း Epic ကကြေညာခဲ့ပါတယ်။

Photo via Epic

Epic ရဲ့ Blog ပေါ်ကပို့စ်တစ်ခုမှာ ကုမ္ပဏီဟာ မတ်လ ၂၀ ရက်နေ့ကနေဧပြီလ ၃ ရက်အတွင်း တကယ့်ပိုက်ဆံနဲ့ဝယ်ရတဲ့အဝယ်စာရင်းတိုင်းက ရရှိတဲ့ငွေအားလုံးကိုလှူဒါန်းသွားမှာလို့သိရပါတယ်။နှစ်ပတ်အတွင်း ဘာပဲရောင်းရရောင်းရ လှူဒါန်းသွားမှာပါ။အဲ့အပြင် Xbox ကလည်း နှစ်ပတ်အတွင်း Fornite Xbox ဗားရှင်းကရသမျှအမြတ်ငွေတွေအားလုံးကို ယူကရိန်းအတွက် လှူဒါန်းသွားမှာပါ။

နောက်ထပ်ကောင်းတဲ့အချက်တစ်ခုကတော့ Epic ဟာဂိမ်းထဲမှာရတဲ့ပိုက်ဆံတွေလက်ထဲရောက်ပြီးမှ လှူဒါန်းမှာမဟုတ်ပဲ စာရင်းဇယားတွေရပြီဆိုတာနဲ့ ရှိနေတဲ့ပိုက်ဆံကိုတန်းလှူမှာဖြစ်ပါတယ်။ဂိမ်း Item တွေရောင်းထားတဲ့ပိုက်ဆံတွေဟာ Epic ဆီတိုက်ရိုက်မရောက်သေးပဲ ကြားထဲမှာလုပ်ငန်းစဥ််တွေအများကြီးရှိသေးတာကြောင့် အရမ်းကြာနိုင်တာကြောင့်ပါ။ငွေစာရင်းတွေဝင်ပြီဆိုတာနဲ့ နောက်နေ့မှာချက်ချင်း လှူဒါန်းမူတွေပြုလုပ်သွားမှာလို့သိရပါတယ်။

Photo via Fornite's Twitter

Epic ရဲ့ထုတ်ပြန်ချက်အရ အလှူငွေတွေကို Direct Relief,ကုလသမဂ္ဂဒုက္ခသည်ကူညီရေး၊ကုလသမဂ္ဂကလေးသူငယ်အဖွဲ့အစည်းနဲ့ ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေး ပရိုဂရမ်တို့ကနေ လှူဒါန်းသွားမှာလို့သိရပါတယ်။လာမဲ့အပတ်တွေမှာ အဖွဲ့အစည်းတွေထပ်တိုးလှူဒါန်းသွားမှာပါတဲ့။

Screenshot from Epic

လက်ရှိရုရှားနိုင်ငံရဲ့ကျူးကျော်မူကို ခံနေရတဲ့ယူကရိန်းနိုင်ငံမှာ သေဆုံး၊ဒဏ်ရာရသူတွေ ထောင်နဲ့ချီနေပြီး နိုင်ငံတွင်းကနေထွက်ပြေးသူပမာဏကတော့ သုံးသန်းကျော်နေပြီဖြစ်တာကြောင့် ယူကရိန်းနိုင်ငံဟာ အကူအညီများစွာလိုအပ်လျက်ရှိနေပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။