Square Enix  Montreal ရဲ့အအောင်မြင်ဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Hitman Sniper:The Shadows ဟာမိုဘိုင်းဖုန်းပေါ်ကိုရောက်ရှိလာပြီဖြစ်ပါတယ်။အဆိုပါဂိမ်းဟာ  RPG Action ဂိမ်းဖြစ်ပြီး လုပ်ကြံရေးသမားနေရာကနေဝင်ရောက်ကစားရမဲ့ဂိမ်းဖြစ်ပါတယ်။အစက Hitman Sniper Assassins လို့နာမည်ရှိခဲ့ပေမဲ့ ၂၀၂၁ ခုနှစ်မှာ Hitman Sniper:The Shadows လို့ပြောင်းလိုက်တာဖြစ်ပါတယ်။

Photo via Qoo App

ကစားသူဟာ The Shadows အဖွဲ့ဝင်အဖြစ်နဲ့ ပစ်မှတ်တွေကို တိတ်တိတ်ဆိတ်ဆိတ်ဖြိုခွင်းရမှာဖြစ်ပြီး International Contract Agency  အနေနဲ့ဂုဏ်သတင်းပြိကြီးလာအောင် ကြိုးစားရမှာဖြစ်ပါတယ်။ဒီဂိမ်းဟာ Agent 47  ပျောက်ဆုံးသွားပြီးနောက် အဖြစ်အပျက်တွေကို ဇာတ်အိမ်တည်ထားတယ်လို့သိရပါတယ်။ဂိမ်းထဲမှာလုပ်ကြံရေးသမားခြောက်ယောက်ပါပြီး တစ်ယောက်ချင်းစီမှာမတူညီတဲ့ နောက်ခံဇာတ်ကြောင်းတွေ၊အစွမ်းတွေ၊ပုံစံတွေပါဝင်ပါတယ်။

 Photo via Gamingonphone

မြေပုံအသစ်တွေလည်းအများကြီးပါဝင်လာပြီး တစ်ခုချင်းစီမှာမတူညီတဲ့ ပစ်မှတ်အသစ်တွေ၊လုပ်ဆောင်ချက်အသစ်တွေပါဝင်လာတာကြောင့် ကစားသူတွေအနေနဲ့ ရွေးချယ်စရာတွေပိုမိုများပြားလာပါတယ်။နေရာတစ်ခုချင်းစီမှာ မတူညီတဲ့ဇာတ်လမ်းတွေ၊စိန်ခေါ်မူတွေ အများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။

Photo via Gamingonphone

ကစားသူတွေဟာ ရန်သူတွေ၊ပစ်မှတ်တွေကို ကိုယ့်ကြိုက်တဲ့ပုံစံနဲ့သတ်နိုင်မှာပါ။သူတိူ့ထိတ်လန့်သွားအောင် သေနတ်တစ်ချက်အရင်ပစ်လိုက်နိုင်ပြီး ကိုယ်ကြိုက်သလိုပုံစံနဲ့သတ်ပစ်နိုင်တာကြောင့် ကိုယ်ဖန်တီးရင်ဖန်တီးနိုင်သလောက် ဆုလက်ဆောင်တွေအများကြီးရရှိဦးမှာဖြစ်ပါတယ်။

Game Trailer

ဂိမ်းကိုကစားမယ်ဆိုရင်တော့ Play Store,App Store တို့ပေါ်မှာပဲ အလွယ်တကူဒေါင်းလုပ်ရယူကစားနိုင်ပြီဖြစ်ပါတယ်။ကစားသူတွေဟာဂိမ်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို  Official Website  ပေါ်ကနေကြည့်ရှူနိုင်တဲ့အပြင် Hitman Sniper ရဲ့ Discord ကနေလည်းဝင်ရောက်ကြည့်ရှူနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။