ဖေဖော်ဝါရီလမှာ ပြသနေဆဲ ဇာတ်လမ်းကောင်းတွေက Twenty-Five, Twenty-One နဲ့ Thirty Nine တို့ ဖြစ်ပါတယ်။ နှစ်ခုက မတူညီတဲ့ အချိန်ကာလနဲ့ အသက်အရွယ်တွေကို ရိုက်ကူးထားပေမဲ့ သူငယ်ချင်းသံယောဇဥ်အကြောင်း အသားပေးထားတဲ့ ဇာတ်ကားတွေပဲမို့ ကြည့်ရတာ ကြည်နူးစရာလေးတွေပါ။ အခု မတ်လမှာရော ဘယ်လို ဇာတ်ကားအသစ်လေးတွေ ထွက်ဖို့ ရှိသေးလဲဆိုတာ ကြည့်လိုက်ရအောင်။

1. Crazy Love 

မင်းသား ကင်ဂျယ်ဝွတ်နဲ့ မင်းသမီး Krystal ဂျန်တို့ ပါဝင်မှာပါ။ အပိုင်း ၁၆ ပိုင်း ရှိမှာဖြစ်ပြီး ဇာတ်လမ်းလေးကတော့ မင်းသားရော မင်းသမီးရောက အသက်ရှင်ဖို့ အချိန်သိပ်မကျန်တော့ဘူးလို့ သိလိုက်ရတဲ့ အချိန်မှာ နှစ်ယောက်သား စေ့စပ်ဖို့ လုပ်ရင်း ဖြစ်လာတဲ့ ဇာတ်လမ်းလေးတွေကို ကြည့်ရမှာပါ။

2. Kill Heel

ဒီကားလေးကတော့ အလုပ်သရဲ မမတွေ အပြိုင်အဆိုင် ကြိုးစားပြတဲ့အကြောင်းပါ။ အွန်လိုင်းရှော့ပင်းစျေးကွက်မှာ အသီးသီးအောင်မြင်နေတဲ့ အမျိုးသမီး ၃ ယောက်အနေနဲ့ သရုပ်ဆောင်သွားမှာက ဝါရင့်မင်းသမီးကြီး ဖြစ်တဲ့ ကင်ဟာနူးရယ်၊ အပြိုင်ဇာတ်လိုက်အနေနဲ့ လီဟယ်ယောင်းနဲ့ ကင်ဆန်ရွန်းရယ် ဖြစ်ပါတယ်။ သူလည်း အပိုင်း ၁၆ ပိုင်း ပါဝင်မှာပါ။

3. A Superior Day

ဒါကတော့ အပေါ် ၂ ကားနဲ့ မတူဘဲ စိတ်လှုပ်ရှားစရာ စိတ္တဇ လူသတ်သမားအကြောင်း ရိုက်ထားတာပါ။ လီဟိုချော လို့ ခေါ်တဲ့ အမျိုးသားကြီးဟာ မီးသတ်သမားအနေနဲ့ အလုပ်လုပ်တဲ့ သာမန်လူတစ်ယောက်ပါ။ တစ်နေ့မှာ သူဟာ စိတ္တဇ လူသတ်သမားတစ်ယောက်ရယ်၊ ကြေးစားလူသတ်သမားတစ်ယောက်ရယ်နဲ့ ပတ်သက်မိသွားရာက ဘယ်လိုဇာတ်လမ်းလေး ဆက်ဖြစ်လာမလဲ ဆိုတာတော့ စောင့်ကြည့်လိုက်ပါနော်။ မင်းသားက Jin Goo ဖြစ်ပါတယ်။

4. Pachinko 

နယူးယော့တိုင်းမ်စ်ရဲ့ အရောင်းရဆုံး စာအုပ်စာရင်းဝင် Pachinko ကို ပြန်ရိုက်ထားပြီး မင်းသား လီမင်ဟို ပါဝင်ထားပါတယ်။ ကိုရီးယား၊ ဂျပန်၊ အင်္ဂလိပ် ဘာသာစကား ၃ မျိုးနဲ့ ထုတ်လွှင့်သွားမှာပါ။ ဂျပန်မှာ နေထိုင်ခဲ့တဲ့ ကိုရီးယားလူမျိုးတွေ ခွဲခြားဆက်ဆံခံရတဲ့ တကယ့်အဖြစ်အပျက်တွေကို ရိုက်ကူးထားတဲ့ သမိုင်းကြောင်း ရုပ်ရှင်ကြီးမို့ လက်လွတ်ခံလို့ မဖြစ်တဲ့ ဇာတ်လမ်းတွဲပါ။

5. Tomorrow

ဒါလေးကလည်း စိတ်ဝင်စားစရာ သိပ္ပံစိတ်ကူးယဥ် အက်ရှင်ကားလေးပါ။ အပိုင်း ၁၆ ပိုင်း ရှိပြီး မင်းသား မင်းသမီးတွေအနေနဲ့ Rowoon, ကင်ဟီဆွန်း, လီဆိုဟျွတ် နဲ့ ယွန်းဂျီတို့ ပါဝင်ထားပါတယ်။ ဇာတ်အိမ်လေးကတော့ ချွဲဂျွန်ဝန်းလို့ ခေါ်တဲ့ ကောင်လေးဟာ သေမင်းတမန်တွေနဲ့ အမှတ်မထင် တွေ့မိတာကို အခြေခံထားပါတယ်။

6. Soundtrack #1

ဒီကားကတော့ အပိုင်း ၄ ပိုင်းပဲ ရှိတဲ့ musical ဒရာမာ ဖြစ်ပါတယ်။ ဟန်ဆိုဟီးက ဟန်မဆောင်တတ်တဲ့ တုတ်ထိုးအိုးပေါက် တေးရေးဆရာမ အနေနဲ့ သရုပ်ဆောင်ထားပြီး မင်းသားကတော့ သဘောကောင်းတဲ့ ဓာတ်ပုံဆရာပေါက်စလေးပါ။ သူတို့က အနှစ် ၂၀ ကျော်ကြာ ခင်ခဲ့တဲ့ သူငယ်ချင်းတွေ ဖြစ်ပေမဲ့ အကြောင်းတစ်ခုကြောင့် ၂ ပတ်လောက် တစ်အိမ်တည်း နေလိုက်ရာကနေ ခံစားချက်တွေ ပေါ်ပေါက်လာတာပါ။ ငြိမ့်ငြိမ့်ညောင်းညောင်းလေး ကြည့်ချင်ရင် ဒါလေးကိုသာ ရွေးနော်။

Ref : https://www.pinkvilla.com/entertainment/6-k-dramas-we-re-looking-forward-march-2022-featuring-soundtrack-1-pachinko-1034635

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။