ဟယ်ရီပေါ်တာကားတွေ ကြည့်တုန်းက မုတ်ဆိတ်ဖြူကြီးနဲ့ ကျောင်းအုပ်ကြီး ဒမ်ဘယ်ဒေါ (Dumbledore) ကို မှတ်မိကြမယ် ထင်ပါတယ်။ အခုဇာတ်ကားလေးက သူငယ်ငယ်က အကြောင်းကို ရိုက်ထားတာ ဖြစ်ပါတယ်။ ဒီကားက ၂၀၁၆ က စထွက်ခဲ့တဲ့ Fantastic Beasts ရဲ့ ၃ ကားမြောက် ဇာတ်လမ်းအဆက် ဖြစ်ပါတယ်။

၂၀၁၆ က ပထမဆုံး ထွက်တဲ့ Fantastic Beasts ထဲမှာတော့ မှော်တိရစ္ဆာန်လေးတွေကို အရမ်းချစ်ပြီး လိုက်ရှာ လိုက်စုတဲ့ စာကြမ်းပိုးလေး နျုစကန်မန်းဒါး (Newt Scamender) အကြောင်း စပြီး မိတ်ဆက်ထားတာပါ။ ယူတို့ရဲ့ နျုနေရာက သရုပ်ဆောင်တာကတော့ ဒေါက်တာ စတီဖင်ဟော့ကင်းအဖြစ် Theory of Everything မှာ ပါတဲ့ မင်းသား အက်ဒီ ပဲ ဖြစ်ပါတယ်။ သူ့ပုံစံကို မိန်းကလေးတွေ တော်တော်ကြိုက်ကြပါတယ်။

၂ နှစ်အကြာ ၂၀၁၈ မှာ ထွက်လာတာက နျုပဲ ဇာတ်လိုက်အနေနဲ့ ပါဝင်ထားတဲ့ Crimes of Grindelwald ပဲ ဖြစ်ပါတယ်။ ဆိုးသွမ်းတဲ့ မှော်ဆရာကြီးကို လိုက်ပြီး တားဆီးဖိုး ဒမ်ဘယ်ဒေါက နျုကို ခိုင်းခဲ့တာပါ။ အခု Batman ဇာတ်ကားအသစ်ထဲက Catwoman လေး ဇိုဝီလည်း ဒီထဲမှာ ပါတယ်နော်။

အခု ၃ကားမြောက်ကတော့ ဧပြီလမှာ ထွက်မယ်လို့ ကြော်ငြာထားပါတယ်။ Wizarding World ပေ့ချ်ကတော့ ပိုစတာလေးတွေ စတင်နေပါပြီ။ မနက်ဖြန် official trailer ထွက်မယ်လို့ သိရပါတယ်။ ဒီတစ်ခါမှာတော့ ဒမ်ဘယ်ဒေါကို မကျေနပ်တဲ့ မှော်ဆရာတွေက အင်အားစုစည်းပြီး ထကြွလာမယ့်ပုံပါပဲ။ စိတ်ဝင်စားစရာကောင်းမဲ့ ဇာတ်လမ်းလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။

Ref : Wizarding World Facebook 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။