AI Love You ဆိုတဲ့ ဇာတ်လမ်းလေးက ထိုင်းနိုင်ငံရဲ့ နာမည်ကြီးမင်းသား မင်းသမီးတွေဖြစ်ကြတဲ့ Mario နဲ့ Baifern တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Netflix ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားက ချစ်ဖို့ကောင်းတဲ့ sci-fi romance ဇာတ်လမ်းလေးဖြစ်ပါတယ်။Sci-fi ဇာတ်လမ်းအမျိုးအစားဆိုပေမယ့် ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေး ဖြစ်တာကြောင့် ဟာသမကြိုက်တဲ့သူဆိုရင်တော့ မကြည့်ပါနဲ့နော်။ AI Love You ဇာတ်လမ်းထဲမှာ ဝါရင့်မင်းသားမင်းသမီး နှစ်ယောက်ရဲ့ ကောင်းမွန်ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။

Netflix poster

ဇာတ်လမ်းထဲမှာ Mario က ဘော့ အဖြစ်သရုပ်ဆောင်ထားပြီး Baifern က တော့ လာနာဆိုတဲ့ ကောင်မလေးနေရာကနေသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းက နည်းပညာတွေတိုးတတ်လာတဲ့ခေတ်ကြီးပုံစံ ရိုက်ထားတာကြောင့် အရာအားလုံးကို AI နည်းပညာတွေနဲ့တည်ဆောက်ထားပြီး အဆောက်အဦတွေက အစ ရိုးရိုးအဆောက်အဦမဟုတ်ဘဲ စက်ရုပ်အဆောက်အဦတွေကို အသုံးပြုလာပါတယ်။ အဲဒီထဲက လာနာဆိုတဲ့ ကောင်မလေး အလုပ်လုပ်တဲ့ ဒေါ့လို့ခေါ်တဲ့ AI စက်ရုပ် အဆောက်အဦးကြီးက လာနာကို တစ်ဖက်သတ် သဘောကျနေမိပါတယ်။တစ်နေ့မှာ စက်ရုပ်ကြီးဒေါ့က လာနာ့ကို ချစ်မိနေကြောင်း ဖွင့်ပြောခဲ့ပေမယ့် လာနာကတော့ စက်ရုပ်မှာ လူသားတွေလိုမျိုး နှလုံးသားမရှိတာကြောင့် လက်မခံနိုင်ကြောင်းပြောပြီး ငြင်းခဲ့ပါတယ်။

Screenshots - Netflix

တစ်ဖက်မှာလည်း Mario အဖြစ် သရုပ်ဆောင်တဲ့ လူသား ဘော့ က ဥစ္စာပေါရုပ်ချောသူဌေးတစ်ယောက်ဖြစ်ပေမယ့် လာနာနဲ့ ဘလိုင်းဒိတ်တွေ့ပြီး ပေါက်ကရတွေ လုပ်မိတာကြောင့် လာနာရဲ့ အထင်အမြင်သေးခြင်းကို ခံထားရတဲ့ သူဖြစ်ပါတယ်။ ဘော့က နည်းပညာ ပညာရှင်ဖြစ်တာကြောင့် စက်ရုပ် ဒေါ့ကို ပြင်ဆင်ဖို့ လာရင်း အမှတ်မထင် ဒေါ့ရဲ့ AI ဒေတာတွေက လူသား ဘော့ဆီကို ရောက်ရှိသွားပါတော့တယ်။

Screenshots - Netflix
Screenshots - Netflix

ဒီလိုနဲ့ လူသားစင်စစ်ကနေ စက်ရုပ်ဖြစ်သွားတဲ့ ဘော့တစ်ယောက်ဘယ်လို အူကြောင်ကြောင်တွေလုပ်မိပြီး သူသဘောကျရတဲ့ ကောင်မလေး လာနာကို ပိုးပန်းမလဲဆိုတာ ဇာတ်ကားထဲမှာ ဆက်လက် စောင့်ကြည့်ပေးသွားပါနော်။

Screenshots - Netflix

အရမ်းကို ကြည့်လို့ကောင်းပြီး တစ်ကားလုံး ရယ်နေရတဲ့ဇာတ်လမ်းလေးဖြစ်လို့ ဟာသကား ကြိုက်တဲ့သူတွေ အချစ်ကားကြိုက်တဲ့သူတွေ သဘောကျကြမှာပါ။နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ Mario နဲ့ Beifern တို့ပါနေရုံနဲ့တင်ကို ဇာတ်လမ်းလေးက Must Watch စာရင်းထဲမှာ ပါနေပါပြီနော်။ မကြည့်ရသေးတဲ့သူတွေကြည့်ကြည့်ကြဖို့ ဝေမျှပေးလိုက်ပါတယ်။

Source – Yahoo

Image – Netflix

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။