နာမည်ကြီးတောင်ကိုရီးယား ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ Ikina Game ဟာ All of Us Are Dead ဇာတ်လမ်းကျောရိုးပေါ်အခြေခံပြီး မိုဘိုင်းဂိမ်းတစ်ခုထုတ်လုပ်မယ်ဆိုတဲ့အကြောင်းကို ကြေညာလိုက်ပါတယ်။All of Us Are Dead ဟာလတ်တလော အအောင်မြင်ဆုံး ကိုရီးယားဇာတ်လမ်းတွဲတွေထဲကတစ်ခုဖြစ်တဲ့အပြင် Netflix ပေါ်မှာ Money Heist နဲ့ Squid Game ပြီးရင် တတိယလူကြည့်အများဆုံး ဇာတ်လမ်းတွဲဖြစ်ပါတယ်။

Credit:Netflix

All of Us Are Dead ရဲ့ဇာတ်လမ်းကတော့ Zombie တွေအများကြီးကြားထဲကနေ အသက်ရှင်အောင် ပြေးလွှားရုန်းကန်ကြရတဲ့ ကျောင်းသားလူငယ်လေးတွေအကြောင်းဖြစ်ပါတယ်။ဇာတ်လမ်းတွဲအကြောင်းကို အသေးစိတ်ဖတ်ရှူချင်ရင်တော့ အောက်ပါ link မှာဝင်ရောက်ဖတ်ရှူနိုင်ပါတယ်။

သတင်းအရင်းမြစ်: ၁၂ နာရီဆက်တိုက် ဟိုဆန်းအထက်တန်းကျောင်းထဲ ကိုယ်တိုင်ရောက်သွားသလို ခံစားရစေမဲ့ All of Us Are Dead

Ikina Games က Website မှာတင်ထားတဲ့ Now At Our School ရဲ့ Poster

ဒီဇာတ်လမ်းတွဲကိုအခြေခံပြီးဂိမ်းထုတ်လုပ်မဲ့အကြောင်း Ikina Games ကတွစ်တာကနေတဆင့်ကြေညာခဲ့တာပါ။Ikina Games ဟာ Order Zero တို့လို Survival ဂိမ်းတွေနဲ့ နာမည်ကြီးတဲ့ကုမ္ပဏီဖြစ်ပါတယ်။Order Zero ကလည်း All of Us Are Dead လိုပဲ ကစားသူတွေဟာ ပြင်ပလောကနဲ့အဆက်အသွယ်ပြတ်နေပြီး ဂိမ်းအဆုံးသတ်ထိ အခက်အခဲတွေကို ရင်ဆိုင်တိုက်ခိုက်သွားရတာဖြစ်ပါတယ်။Website ပေါ်မှတော့ All of Us Are Dead ကအခြေခံထားတဲ့ Now At Our School webtoon ပုံကိုတင်ထားတာကြောင့် ဂိမ်းဟာဇာတ်လမ်းတွဲထက် webtoon ကိုပိုကိုးကားမယ်လို့ထင်ရပါတယ်။

Credit:Ikina Games

ကုမ္ပဏီပြောကြားချက်အရ ဂိမ်းဟာ PC အတွက်ဖြစ်ပြီး ၂၀၂၂ နှစ်လယ်လောက်မှာ ထွက်မယ်လို့သိရပါတယ်။၂၀၂၃ လောက်မှ Console ‌အတွက်ရော၊မိုဘိုင်းဖုန်းအတွက်ပါထွက်မှာပါ။ကုမ္ပဏီဟာ နိုင်ငံတကာဈေးကွက်ကို ပိုအာရုံစိုက်တာမလို့ ကမ္ဘာ့ဈေးကွက်ထိပါ ဂိမ်းကိုထိုးဖောက်မယ်ဆိုတာ အတည်ပြုပေးထားပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။