ဒီလထဲမှာပဲ Beta ဗားရှင်းထွက်လာတော့မှာဖြစ်တဲ့ Battlefield Mobile ထဲမှာပါဝင်မဲ့ တချို့ content တွေဟာ leak ဖြစ်လာပါတယ်။လူသိများတဲ့ Leaker Shaum Weber ဟာ ဂိမ်းနဲ့ပတ်သက်တဲ့ မြေပုံတွေ၊သေနတ်တွေ၊အပိုပစ္စည်းတွေ‌နဲ့ တခြားပါဝင်လာဦးမဲ့အရာတွေကို Leak လုပ်ပေးခဲ့တာဖြစ်ပါတယ်။

Operation Metro

မြေပုံပိုင်းမှာဆိုရင် အရင်ကတည်းကရှိတဲ့ Grand Bazaar မြေပုံနဲ့အတူ နောက်ထပ်သုံးခုထပ်တိုးလာပါတယ်။ပထမဆုံးတစ်ခုက Operation Metro ပါ။Battlefield 3 မှာပါဝင်တဲ့‌ မြေအောက်ရထားလမ်း‌ဖြစ်ပြီး ကမ့်ထိုင်လို့ရတဲ့နေရာတွေပါ တော်တော်များများပါတဲ့အပြင် အပေါ်ကမြို့ပေါ်ကိုပါ တက်နိုင်‌ပါသေးတယ်။

Lofoten

နောက်တစ်ခုက Lofoten ပါ။‌ဒီမြေပုံက Battlefield V ထဲမှာပါဝင်ပြီး နော်ဝေးနိုင်ငံကနေရာပါ။ဒီမြေပုံဟာ Safe-zone အမြန်ကျဉ်းတတ်ပေမဲ့ အိမ်တွေနဲ့ဆိပ်ကမ်းတွေလိုမျိုး နေရာအပွင့်တွေတော့ရှိပါတယ်။

‌နောက်ဆုံးတစ်ခုကတော့ Antelope ဖြစ်ပါတယ်။ဒီမြေပုံကတော့ Battlefield တွေအကုန်လုံးမှာ မြေပုံအသစ်ဖြစ်တာကြောင့် ဘာမှများများစားစားမသိရသေးပါဘူး။Battlefield Mobile မှာမှပထမဆုံးပါလာမဲ့ မြေပုံဖြစ်ပါတယ်။

Credit:EA

လက်နက်တွေလည်း အသစ်တွေတော်တော်များများပါပြီး စာရင်းအပြည့်အစုံကတော့ အောက်ပါအတိုင်းပါ။
ရိုင်ဖယ်သေနတ်များAUG A3 F2000 FAMA SM16A4 QBZ-95-1 SCAR-H G36C MTAR-21 LMGLSAT MG4 PKPQ BB-95-1 U-100
စနိုက်ပါရိုင်ဖယ် 338 Recon CS-LR4 Scout Elite SKS SR338 SMGCZ-3A1 P90P P2000 UMP45
ရှော့ဂန်း SPAS12
ပစ္စတိုသေနတ်CZ-75 M1911 M9 P226 Melee M9 Bayonet
အပိုပစ္စည်းများ Ammo Crate MineAT MINEC4 Claymore Health CrateRepair DroneSpotting DroneAmmo PackHealth Pack
လက်ပစ်ဗုံးများ M84 Flashbang MK2 Grenade
လောင်ချာ SMAW FIM92A

Credit:EA

နောက်ဆုံးအနေနဲ့ ဆော့ကစားနိုင်တဲ့ Game mode တွေကတော့ Rush, Frontline နဲ့ Conquest တို့ပါ။

Rush မှာဆိုရင်တိုက်ခိုက်သူတွေက ဗုံးနှစ်လုံးပေါက်ကွဲအောင်ဆင်ရမှာဖြစ်ပြီး ကာကွယ်တဲ့အသင်းကတော့ အဲ့ဗုံးတွေမပေါက်အောင် ‌ဖြုတ်ရမှာပါ။Frontline ကတော့ အလံလုရမှာဖြစ်ပါတယ်။နောက်ဆုံး Conquest ကတော့ ကစားသူတွေဟာ ရန်သူတွေနဲ့အပြိုင် နေရာတွေလိုက်ယူပြီး အမှတ်တွေစုရမှာဖြစ်ပါတယ်။ဒီMode ကအရင် Beta မှာလည်းပါဝင်ခဲ့ပါတယ်။

Credit:EA

ဒါတွေကတော့ မကြာခင်မှာထွက်လာမဲ့ Battlefield Mobile ကနေ leak လာတဲ့တချို့အချက်အလက်တွေဖြစ်ပါတယ်။Beta မှာတင်တော်တော်လေးစုံတာကိုတွေ့ရမှာပါ။Battlefield ဂိမ်းစီးရီးရဲ့ Mobile ဗားရှင်းဖြစ်တာကြောင့် ထွက်လာချိန်မှာလည်း အောင်မြင်ဦးမယ်ဆိုတာ အသေအချာပါပဲ။လက်ရှိ Android အသုံးပြုသူတွေဟာ ဒီဂိမ်းကို Pre-register ပြုလုပ်ထားနိုင်ပါပြီ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။