အွန်လိုင်းပေါ်မှဦအခုမှပြန့်လာတဲ့ပုံအသစ်တွေအရ Apex Legend Mobile ဟာ Android ဖုန်းတွေအတွက် 90 FPS အထိ support ပေးနိုင်မယ်လို့သိရပါတယ်။@APEXZONENEWS ဆိုတဲ့ တွစ်တာအကောင့်ကနေ Apex Legend ရဲ့ 89.3 FPS ကနေ 84.7 FPS ထိရတဲ့ Apex Legend Mobile ရဲ့ပုံတွေကိုတင်ခဲ့တာဖြစ်ပါတယ်။
Frame rate test performed in the second private beta
— APEXZONE (@APEXZONENEWS) February 8, 2022
What you will get is a game with FPS90 support!
Can't wait to see this community with their iPads!
Do not worry the optimization is done on iOS like Android!#apexlegendsmobile pic.twitter.com/CHgOxJkyGO
ဒါပေမဲ့ဂိမ်းကိုထုတ်လုပ်သူဖြစ်တဲ့ Rwspawn ဖက်ကဘာမှအတည်မပြုထားသေးတဲ့အပြင် ဂိမ်းကလည်း soft launch ထွက်ဖို့အထိ စောင့်ရဦးမှာဖြစ်တာကြောင့် အဲ့အချိန်မှ ဒါတွေတကယ်ပါလားမပါဘူးလား သိရမှာပါ။
ခုထွက်လာတဲ့ပုံတွေက တရုတ်မှာထုတ်ပေးထားတဲ့ Private Beta ကပုံတွေဖြစ်ပြီး 90 FPS အထိရနိုင်မဲ့ဖုန်းမော်ဒယ်ကို ကိုင်ထားသူတွေအတွက်တော့ လုံးဝသတင်းကောင်းပါပဲ။90 FPS ဟာ မိုဘိုင်းဖုန်းနဲဂိမ်းဆော့သူတွေအတွက် အတွေ့အကြုံအကြီးကြီးတစ်ခုဖြစ်ပါတယ်။

Call of Duty Mobile နဲ့ PUBG Mobile တို့မှာလည်း ဒီလုပ်ဆောင်ချက်ပါဝင်ပေမဲ့ ဖုန်းမော်ဒယ်အနည်းငယ်မှာပဲရရှိနိုင်တာဖြစ်ပါတယ်။မိုဘိုင်းဖုန်းတော်တော်များများမှာ လက်ရှိအမြင့်ဆုံး 60 FPS အထိပဲရရှိနိုင်သေးတာပါ။iOS တွေအတွက် ဘာသတင်းမှမကြားရသေးပေမဲ့ iOS အသုံးပြုသူတွေအတွက်ပါ 90 FPS ရရှိနိုင်လောက်တယ်လို့ Gamingonphone ကပြောကြားထားပါတယ်။90 FPS ကိုလာမဲ့အချိန် Soft launch လုပ်ရင်တောင် ထည့်သွင်းလာနိုင်ပြီး တစ်ကမ္ဘာလုံးကိုတရားဝင်ဖြန့်ချီချိန်မှာလည်းပါဝင်လာနိုင်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။