တစ်နေ့တစ်နေ့ နေ့စဉ်ဓူဝကိစ္စတွေကြားထဲမှာ မောပန်းပြီး စိတ်ပြေလက်ပျောက်ဂိမ်းဆော့ချင်ပေမဲ့ ဆော့ဖို့အချိန်တောင် မနည်းလုနေရတဲ့သူတွေရှိပါတယ်။အဲ့လိုလူတွေအတွက် အချိန်အများကြီးပေးစရာမလိုပဲ ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ကောင်းတဲ့ ဂိမ်းလေးတစ်ခုအကြောင်းကို ပြောပြပေးသွားမှာပါ။အဲ့ဂိမ်းကတော့ Slingshot Stunt Driver လို့အမည်ရတဲ့ ကားမောင်းဂိမ်းလေးတစ်ခုဖြစ်ပါတယ်။

Credit:Tip Nice

ကားမောင်းဂိမ်းဆိုပေမဲ့ ထူးထူးခြားခြား ဒီဂိမ်းကကားကိုကိုယ်တိုင်ထိန်းချုပ်မောင်းနှင်ရမှာမဟုတ်ပါဘူး။ဂိမ်းနာမည်အတိုင်းပဲ ကားကို လေးခွကြီးတစ်ခုကိုအသုံးပြုပြီးပစ်လွှတ်လိုက်ရမှာမျိုးဖြစ်ပါတယ်။တောင်တွေ‌တောတွေကိုကျော်ဖြတ်ပြီး ကားကိုပန်းတိုင်‌ထဲဝင်အောင် ပစ်လွှတ်ရမှာပါ။ပန်းတိုင်ကို‌မရောက်ရင် အနိုင်ရမှာမဟုတ်သလို ကျော်သွားရင်လည်း အနိုင်ရမှာမဟုတ်ပါဘူး။Level တစ်ခုနဲ့တစ်ခုကြားမှာ ပန်းတိုင်ကပိုပိုဝေးလာမှာဖြစ်လို့ ကားအင်ဂျင်ကိုရော၊လေးခွကိုပါ စတန့်ပြရင်းရရှိတဲ့ပိုက်ဆံတွေကို အသုံးပြုပြီး Update မြှင့်ရမှာဖြစ်ပါတယ်။

Credit:Tip Nice

ပန်းတိုင်က ပိုပိုဝေးလာတာကြောင့် တောက်လျှောက် Update မြှင့်နေမှ ကစားနိုင်မှာဖြစ်ပြီး ရတဲ့ပိုက်ဆံကလည်း တစ်ပွဲတစ်ပွဲတော်တော်များတာမလို့ level တစ်ခုချင်းစီကို အကြာကြီးဆော့စရာမလိုပါဘူး။ဘာမှထွေထွေထူးထူးစဉ်းစားနေစရာမလိုပဲ ကားကိုလေးခွကနေပစ်လွှတ်လိုက်တာနဲ့ ကြည့်လို့ကောင်းတဲ့ စတန့်တွေကိုမြင်ရမှာဖြစ်ပြီး ပန်းတိုင်ကိုရောက်ရှိမှာပါ။Level အလိုက်လည်းကားအသစ်တွေကို ရရှိမှာဖြစ်တာမလို့ ကိုယ်ကြိုက်တဲ့ကားကိုရွေးချယ်ဆော့ကစားနိုင်ပါတယ်။

Credit:Tip Nice

Graphic ပိုင်းကလည်း ဖိုင်ဆိုဒ်နည်းနည်းနဲ့ မဆိုးဘူးလို့ပြောလို့ရတဲ့အပြင် စတန့်ပြတဲ့ Physics ပိုင်းတွေကတော့ တော်တော်လေး Realistic ဆန်လွန်းပါတယ်။‌တောအုပ်အကြီးကြီးတွေ၊တောင်အမြင့်ကြီးတွေကြားမှာ ကားပျံကြီးတစ်စီးအဖြစ် ကစားရမှာကြောင့် Gameplay က‌တော့ လုံးဝအမိုက်စားပါ။

ဒီဂိမ်းကို Android ပေါ်မှာရော၊iOS ပေါ်မှာပါ ကစားလို့ရနိုင်ပြီး File size ကလည်း 226 MB သာရှိတာမလို့ နေရာမစားတဲ့ဂိမ်းလို့ပြောနိုင်ပါတယ်။အင်တာနက်လည်းမလိုတဲ့ Offline ဂိမ်းတစ်ခုပါ။သွားရင်းလာရင်း အပျင်းပြေ ဖုန်းလေးထုတ်ပြီး ပေါ့ပေါ့ပါးပါးဆော့ကစားလို့ရတဲ့အပြင် ဂိမ်းဆိုတာထက် စိတ်ကိုအပန်းပြေစေတဲ့ ဖျော်ဖြေရေးဆန်တာကြောင့် တော်တော်များများကြိုက်နှစ်သက်ကြပါတယ်။Play Store ပေါ်မှာ Rating အနေနဲ့ 4.4 ထိရရှိထားပြီး လူကြိုက်များတဲ့ ဂိမ်းလေးတစ်ခုဖြစ်တဲ့အပြင် အချိန်ဖြုန်းလို့ကောင်း၊အပျင်းပါပြေစေတာမလို့ စမ်းဆော့ကြည့်သင့်တဲ့ ဂိမ်းကောင်းလေးတစ်ခုဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။