Variety သတင်းဌာနရဲ့ဖော်ပြချက်အရ Game of the Year ဆုကိုရရှိထားတဲ့ It Takes Two ဂိမ်းဟာ ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲအဖြစ် ထွက်ရှိလာမယ်လို့သိရပါတယ်။
It Takes Two ဟာမနှစ်က အထင်ရှားဆုံးဂိမ်းဆုကို ရရှိခဲ့ပြီး အခုမှာတော့ ဂိမ်းကိုထုတ်လုပ်တဲ့ Hazelight Studios က dj2 Entertainment နဲ့လက်တွဲပြီး ဒီဂိမ်းကို ရုပ်ရှင်နဲ့ဇာတ်လမ်းတွဲအဖြစ် ထုတ်လုပ်မှာပါ။

Credit:Hazelight Studios

It Takes Two ဟာ နှစ်ယောက်တွဲဆော့ရတဲ့ စွန့်စားခန်းအက်ရှင်ဂိမ်းအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းအကျဉ်းကတော့ Cody နဲ့ May ဆိုတဲ့ဇနီးမောင်နှံနှစ်ယောက်အကြောင်းပါ။သူတို့မှာ Rose လို့ခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ဇနီးမောင်နှံနှစ်ယောက်ဟာ ကွာရှင်းတော့မဲ့ဆဲဆဲဖြစ်ပြီး ထူးဆန်းစွာပဲ နှစ်ယောက်စလုံး အရုပ်လေးတွေအဖြစ် ပြောင်းလဲသွားပြီးနောက်မှာ သူတို့ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့ အတူတူကြိုးစားကြတဲ့အကြောင်းဖြစ်ပါတယ်။

Credit:Hazelight Studios

It Takes Two ရဲ့ဇာတ်လမ်းနဲ့ ကမ္ဘာလေးတစ်ခုကိုဖန်တီးရတာ အဖွဲ့အတွက်ရော၊သူ့အတွက်ပါ အရမ်းပျော်ဖို့ကောင်းကြောင်း၊ဇာတ်ကောင်တွေအများကြီးနဲ့ ဇာတ်လမ်းခိုင်ခိုင်မာမာရှိပြီး အရမ်းကြမ်းတဲ့ နှစ်ယောက်တွဲ အက်ရှင်တွေကိုပါမြင်ရတာကြောင့် ဇာတ်ကားထုတ်ဖို့အတွက် အလားအလာကောင်းကြောင်း Hazelight တည်ထောင်သူနဲ့ ဒါရိုက်တာဖြစ်တဲ့ Josef Fares ကပြောပါတယ်။

Hazelight Studios

dj2 ဖက်က‌လည်း Josef နဲ့အတူ Hazelight Studio နဲ့ It Takes Two အတွက်လက်တွဲရတာဂုဏ်ယူမိကြောင်း၊ Gaming လောကထဲကတခြားသူတွေလိုပဲ Cody,May,Rose,Dr.Hakim နဲ့ Hazelight ဖန်တီးထားတဲ့ကမ္ဘာလေးတစ်ခုလုံးကိုချစ်ကြောင်း၊ဒီ‌ဇာတ်ကောင်တွေကို ရုပ်ရှင်ပိတ်ကားပေါ်သယ်ဆောင်လာဖို့ မစောင့်နိုင်တော့ကြောင်း dj2 ရဲ့ CEO နဲ့တည်ထောင်သူဖြစ်တဲ့ Dmitri M.Johnson ကပြောခဲ့ပါတယ်။

dj2 Entertainment

ရုပ်ရှင်ကားရော၊ဇာတ်လမ်းတွဲရော ဘယ်ချိန်ထွက်လာမလဲဆိုတာ‌တော့မသိရသေးပါဘူး။It Takes Two ကဇာတ်အိမ်ရော၊ဇာတ်ကောင်တွေပါအစစအရာရာ ပြည့်စုံကောင်းမွန်တဲ့ ဂိမ်းလေးတစ်ခုဖြစ်တာကြောင့် ပိတ်ကားပေါ်ရောက်ရှိလာရင်လည်း အားလုံးဝိုင်းချစ်ကြမယ်ဆိုတာတော့ သေချာပါတယ်။

Credit:Hazelight Studios

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။