ကနေဒါနိုင်ငံရဲ့ အအောင်မြင်ဆုံး Free-to-play ဂိမ်းတွေကိုထုတ်လုပ်ပေးနေတဲ့ ESGG အဖွဲ့ဟာ BBC Studio နဲ့နှစ်အတော်ကြာ ပါတနာတွဲလိုက်ပါတယ်။Doctor Who စီးရီးကိုအခြေခံတဲ့ဂိမ်းတစ်ခုကို မိုဘိုင်းဖုန်းအတွက် ထုတ်လုပ်ပေးမှာဖြစ်ပြီး Android ပေါ်မှာရော၊iOS ပေါ်မှာပါအခမဲ့ကစားနိုင်မှာပါ။

ဂိမ်းဟာ Narrative-Driven ဂိမ်းဖြစ်မှာကြောင့် ဇာတ်လမ်းခိုင်ခိုင်မာမာနဲ့ဆော့စားရမှာဖြစ်ပြီး ကစားသူတွေဟာ ဇာတ်လမ်းအသစ်တွေ၊Classic ဇာတ်လမ်းတွေကိုရှာဖွေနိုင်မှာဖြစ်ပါတယ်။အဲ့အပြင် Who-niverse ထဲက ဇာတ်ကောင်တွေနဲ့ ချန်ပီယံတွေကိုလည်း အများကြီးမြင်တွေ့ရမှာပါ။ဂိမ်းကို Game Kit နည်းပညာနဲ့ထုတ်လုပ်မှာဖြစ်ပြီး East Side Games ကထုတ်ဝေဖြန့်ချီပေးမှာဖြစ်တယ်လို့သိရပါတယ်။

Doctor Who ဇာတ်လမ်းတွဲကတော့ စကြာဝဌာတွေကြားမှာ အချိန်ခရီးသွားယာဥ်တစ်စီးနဲ့လျှောက်သွားနေပြီး ရန်သူတွေကိုတိုက်ခိုက်ကာ လူသားတွေကို အကူအညီပေးတဲ့ Time Lord တစ်ယောက်အကြောင်းဖြစ်ပါတယ်။၁၉၆၃ ခုနှစ်ကတည်းက ပြသနေတဲ့ Sci-fi စီးရီးတစ်ခုဖြစ်ပြီး လက်ရှိအချိန်ထိ Season 13 ခုရှိပါတယ်။

ခုဂိမ်းကိုထုတ်လုပ်ပေးမဲ့ ESGG The Office:Somehow We Manage,Archer,RuPaul’s Drag Race,It’s Always Sunny in Philadelphia စတဲ့နာမည်ကြီး Television Program တွေကိုဂိမ်းတွေအဖြစ် အသွင်ပြောင်းပေးနေတဲ့ ကုမ္ပဏီပါ။ဂိမ်းရဲ့နာမည်နဲ့ ဘယ်ချိန်ထွက်မလဲအတိအကျမထုတ်ပြန်သေးပေမဲ့ ၂၀၂၂ ခုနှစ်ထဲမှာပဲထွက်လာမယ်လို့တော့သိရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။