ဟိုးအရင်တုန်းက PC ဆိုင်တွေမှာ တစ်နာရီ ၄၀၀၊၅၀၀ ပေးပြီးဆော့ခဲ့ကြတဲ့ Warcraft ဟာ မိုဘိုင်းဖုန်းဂိမ်းအဖြစ်နဲ့ ထွက်ရှိလာတော့မယ်လို့သိရပါတယ်။Warcraft ရဲ့ထုတ်လုပ်သူ Blizzard က Activision Blizzard ရဲ့‌ ၂၀၂၁ ခုနှစ်အတွက် လေးကြိမ်မြောက် ဝင်ငွေအစီရင်ခံစာမှာ ဒီအကြောင်းကို အတည်ပြုပေးခဲ့တာပါ။ဒါကြောင့် Warcraft မိုဘိုင်းဂိမ်းထွက်မယ်ဆိုတဲ့ ၂၀၂၁ ခုနှစ်ကတည်းက ကောလဟာလဟာ တကယ်ဖြစ်လာပါပြီ။

Credit:Gaming Watcher

“Blizzard ဟာ ၂၀၂၂ ခုနှစ်မှာ Warcraft ဂိမ်းအသစ်ကိုထုတ်လုပ်ဖို့ content အသစ်တွေကိုစီစဥ်နေပါတယ်။World of Warcraft နဲ့ Hearthstone အတွေ့အကြုံအသစ်တွေကို ခံစားနိုင်မှာဖြစ်ပြီး ကစားသူတွေလက်ထဲ အသစ်စက်စက် Warcraft content တစ်ခုကို ပထမဆုံးအကြိမ်အဖြစ် ပေးအပ်သွားမှာပါ”လို့ Blizzard ရဲ့အစီရင်ခံစာမှာရေးသားထားပါတယ်။မနှစ်က “Multiple ဖြစ်ပြီး မိုဘိုင်းဖုန်းမှာ အခမဲ့ကစားနိုင်မဲ့ Warcraft အတွေ့အကြုံအသစ်လို့ ထုတ်ပြောထားတာတွေဟာ ခုတော့အားလုံးအတည်ဖြစ်လာပါပြီ။

Photo Credit

ဂိမ်းအကြောင်းအသေးစိတ် ဘာမှမကြားရသေးပေမဲ့ ဆော့လို့ကောင်းမဲ့ MMORPG အမျိုးအစားဖြစ်နိုင်တယ်လို့တော့ အားလုံးကခန့်မှန်းထားကြပါတယ်။မိုဘိုင်းဖုန်းအတွက်ဆို Hearthstone တစ်မျိုးကသာ Warcraft အတွေ့အကြုံကိုရရှိစေမဲ့ဂိမ်းဖြစ်နေတာကြာပါပြီ။Warcraft ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က ထွက်ရှိခဲ့တဲ့ဂိမ်းဖြစ်ပြီး ခုချိန်ထိနေ့တိုင်း လူပေါင်းသန်းချီ Warcraft ကိုကစားနေကြဆဲပါ။Warcraft ပရိသတ်တွေအတွက်ရော၊မိုဘိုင်းဖုန်းနဲ့ဂိမ်းဆော့ကြသူတွေအတွက်ရော ဒီသတင်းက သတင်းကောင်းပါ။ဖုန်းဂိမ်းဖြစ်တာကြောင့် အချိန်မရွေး၊နေရာမရွေး အေးဆေးထုတ်ဆော့ယုံပါပဲ။

Credit:Techspot

ငယ်ငယ်ကအမှတ်တရတွေကို ဖုန်းလေးနဲ့ပဲပြန်ခံစားချင်သူတွေ၊Warcraft အတွေ့အကြုံကို မိုဘိုင်းဖုန်း‌ပေါ်မှာ ခံစားချင်ကြသူတွေ အများကြီးရှိတာကြောင့် ဒီဂိမ်းထွက်လာမဲ့သတင်းကို တော်တော်များများစောင့်နေကြမယ်ထင်ပါတယ်။။ဘယ်အချိန်မှာထွက်လာမလဲဆိုတာ သေချာမပြောထားပေမဲ့ ၂၀၂၂ ခုနှစ်ထဲမှာပဲထွက်မှာလို့ အစီရင်ခံစာထဲမှာတွေ့ရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။