ကိုဗစ် - ၁၉ ရဲ့ မျိုးကွဲဗီဇပြောင်း ပိုးတစ်ခုဖြစ်တဲ့ အိုမီခရွန်ရောဂါပိုးဟာ မြန်မာနိုင်ငံကို ကူးစက်ဝင်ရောက်လာပြီပဲဖြစ်ပါတယ်။ အိုမီခရွန်ရောဂါပိုးသစ်ကို အခြားဗီဇပြောင်းပိုး ၄ မျိုးလိုပဲ စိုးရိမ်ရတဲ့ ပိုးဖြစ်ကြောင်း WHO က သက်မှတ်ထားပါတယ်။ အခုနောက်ပိုင်းမြန်မာနိုင်ငံမှာလည်း ကိုဗစ် - ၁၉ ကူးစက်တဲ့လူဦးရေ ပိုမိုများပြားလာပြီး ကူးစက်လာသူတွေထဲမှာ ဗီဇပြောင်းပိုး အိုမီခရွန်ရောဂါပိုးကိုပါ တွေ့ရှိလာရတာကြောင့် သတိပြုနိုင်ရန်အတွက် အိုမီခရွန်ဗီဇပြောင်းပိုးရဲ့ လက္ခဏာတွေကို ဖော်ပြပေးသွားပါမယ်။

Google

အိုမီခရွန်ရောဂါပိုးစပြီးကူးစက်ပြီဆိုတာနဲ့ ၄၈ နာရီအတွင်း အခု လက္ခဏာပြမှာဖြစ်ပါတယ်။ လက္ခဏာတွေက နှာချေလာမယ် ၊ ပင်ပန်းနွမ်းနယ်မယ် ၊ အားမရှိသလို ဖြစ်နေမယ် ၊ လည်ချောင်းယားလာမယ် ၊ ချောင်းခြောက်ဆိုးမယ် ၊ နှာစေးမယ် ၊ ခါးအောက်ပိုင်း နာမယ် ၊ ခေါင်းကိုက်မယ် ၊ ညဘက် ချွေးထွက်များမယ် ၊ ကိုယ်လက်ကိုက်ခဲမယ် ၊ မစားချင်မသောက်ချင် ဖြစ်လာမယ် ။ စတဲ့ လက္ခဏာတွေ ဦးဆုံးပြလာမှာဖြစ်ပါတယ်။ အခုဖော်ပြသွားတဲ့ လက္ခဏာတွေ ဖြစ်နေပြီဆိုရင် လူစုလူဝေးရှိတဲ့နေရာတွေမသွားဘဲ အိမ်မှာပဲ သီးခြားနေထိုင်ဖို့ အကြံပြုပါရစေနော်။

Photo - credit

အိုမီခရွန်မှာ နံပါတ် ၁ ၊ နံပါတ် ၂ ၊ နံပါတ် ၃ ဆိုပြီး အဆင့်အလိုက် လက္ခဏာ (၃) မျိုးရှိပါတယ်။

နံပါတ် ၁ အပျော့စား လက္ခဏာက ဖျားမယ်၊ချောင်းဆိုးမယ် ၊ ကိုယ်လက် မအီမသာဖြစ်မယ်။

နံပါတ် ၂ အလယ်အလတ် လက္ခဏာက မျက်စိ နာမယ်၊လည်ချောင်းနာမယ်၊ ခေါင်းကိုက်မယ်။

နံပါတ်(၃) အပြင်းစား လက္ခဏာက အသက်ရှူရ ခက်မယ်၊ မောမယ်၊ တကိုယ်လုံးအသားတွေ အကျောတွေအထိ နာနေမယ်၊ စကား မပြောနိုင်တဲ့အထိဖြစ်မယ်။

Google

အပျော့စားနဲ့ အလယ်အလတ်စားဖြစ်ရင်တော့ အိမ်မှာဘဲ ဆေးသောက်ပြီးကုသလို့ ရပေမယ့် အပြင်းစားလက္ခဏာဖြစ်ပြီဆိုရင်တော့ ဆေးရုံကို အချိန်မီသွားရောက်ကုသဖို့ လိုအပ်ပါလိမ့်မယ်နော်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။