တောင်ကိုရီးယား မိုဘိုင်းဂိမ်းထုတ်လုပ်ရေးကုမ္ပဏီ Netmarble ဟာဇန်နဝါရီလ ၂၇ ရက်နေ့ကပြုလုပ်တဲ့ ငါးကြိမ်မြောက် NTP ပွဲမှာပရိသတ်တွေအတွက် အံ့အားသင့်စရာသတင်းတစ်ခုကိုချပြခဲ့ပါတယ်။HBO နဲ့ပူးပေါင်းပြီး Game of Thrones မိုဘိုင်းဂိမ်းတစ်ခုကို ထုတ်လုပ်မယ်ဆိုတဲ့သတင်းပါ။

Open-world MMORPG ဂိမ်းအမျိုးအစားဖြစ်ပြီး Netmarble ရဲ့ကိုယ်ပိုင် IP ကိုအသုံးပြုမဲ့အပြင် Unreal Engine 5 ကိုသုံးထားတာမလို့ ရုပ်ထွက်က Hyper-realistic ဖြစ်နေမယ်ဆိုတာပါသိရပါတယ်။Gameplay ပိုင်းမှာဆိုရင် “Single-player experience ကိုပဲ Large scale multiplayer အဖြစ်ရောယှက်ထားတဲ့ဂိမ်း”လို့ Netmarble ဖက်ကထုတ်ပြန်ထားပါတယ်။Teaser Video တစ်ခုကိုလည်း အဲ့နေ့ကပဲချပြခဲ့ပါတယ်။
အဲ့ Video ထဲမှာဆိုဇာတ်လမ်းတွဲထဲကနာမည်ကြီးဇာတ်ကောင်တွေနဲ့ နာမည်ကြီးနေရာတွေကို တွေ့ရမှာဖြစ်ပါတယ်။The Wall နဲ့စထားပြီးနောက်တစ်ခန်းမှာ John Snow တစ်ယောက် The Wall နားကိုမြင်းစီးလာတာကို တွေ့ရမှာပါ။ပြီးတော့သူပဲ Eyrie ဖက်ကိုထွက်သွားပါတယ်။နောက်တစ်ခန်းမှာတော့ နည်းနည်းဇာတ်ရှိန်တက်လာပါပြီ။Winterfall အပြင်ဖက်မှာ နဂါးတစ်ကောင်က Army of the Dead နဲ့တိုက်ခိုက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်။ပြီးတော့ Night King ကိုလည်းတွေ့ရပါသေးတယ်။

ဒီဂိမ်းက Game of Thrones ရဲ့ပထမဆုံးမိုဘိုင်းဂိမ်းတော့မဟုတ်ပါဘူး။၂၀၁၄ ခုနှစ်တုန်းက Telltale က Game of Thrones ဆိုတဲ့နာမည်နဲ့ပဲ ဂိမ်းတစ်ခုထုတ်ခဲ့ပြီး တခြားမိုဘိုင်းဂိမ်းတွေလည်း ပေါ်လာကြပါသေးတယ်။ဒီဂိမ်းနဲ့ပတ်သက်လို့ Teaser တစ်ခုပဲထွက်လာသေးပြီး တခြားအကြောင်းတွေတော့မသိရသေးသလို Netmarble ဖက်ကရော၊HBO ဖက်ကရော ဘာမှတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး။ထွက်လာဖို့ကလည်းတော်တော်ကြာဦးမယ်လို့ ခန့်မှန်းရပါတယ်။

လောလောဆယ် ဒီဇာတ်လမ်းတွဲကိုဂိမ်းအဖြစ်ဆော့ချင်ရင်တော့ မိုဘိုင်းဖုန်းအတွက် Game of Thrones:Beyond the Wall ဆိုတဲ့ RPG ဂိမ်းတစ်ခုရှိပါတယ်။Netmarble မှာ Marvel Future Revolution တို့လို Open-world မိုဘိုင်းဂိမ်းအကြမ်းစားတွေရှိတာကြောင့် ဒီ Game of Thrones ဂိမ်းကလည်းစောင့်ရတာတန်တဲ့ဂိမ်းတစ်ခုဖြစ်လာလိမ့်မယ်လို့ယုံကြည်ရပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။