Battlefield 2042 ကိုထုတ်လုပ်သူ DICE အတွက် ဂိမ်းနဲ့ပတ်သက်လို့ အဆင်မပြေမူတွေများလာတာအားလုံးအသိပါ။Battlefield 2042 ဘယ်လောက်တိုင်ပတ်တဲ့အကြောင်း အောက်ပါ Link မှာအကျယ်တဝင့်ဖတ်ရှူနိုင်ပါတယ်။
သတင်းအရင်းမြစ်: Steam ပေါ်မှာ အဆိုးဝါးဆုံး Review တွေနဲ့ ရင်ဆိုင်နေရတဲ့ Battlefield 2042
ခုတော့အတွင်းလူတစ်ယောက်ရဲ့သတင်းပေးချက်အရ ဂိမ်းကိုဖြန့်ချီသူ EA ဟာဒီဂိမ်းကို Free ပေးဆော့ဖို့စိတ်ဝင်စားနေကြောင်းသိရပါတယ်။

ဒီဂိမ်းက EA ထင်ထားသလောက် မအောင်မြင်ခဲ့တာကတော့ လက်တွေ့ပါ။Patch အမျိုးမျိုးနဲ့ဂိမ်းကိုပိုကောင်းလာအောင် ကြိုးစားခဲ့ပေမဲ့ အရင်ဂိမ်းတွေနဲ့ယှဥ်ရင်တောင်မပါတဲ့ Content တွေများလို့ အားလုံးကစိတ်ပျက်နေခဲ့ကြတာပါ။အဲ့တာကြောင့်လည်း ဘယ်သူမှဆက်မဆော့ကြတော့ပဲ ဒီဂိမ်းကိုကစားသူနှုန်းဟာ အမြဲတမ်း Battlefield 5 နဲ့ Battlefield 1 တို့အောက်မှာရှိနေပါတယ်။

နှစ်သစ်မှာ ဒီဂိမ်းနဲ့ပတ်သက်လို့ DICE ရဲ့ထုတ်ပြန်ချက်ဟာ အဓိကဒီဇိုင်းပြဿနာတွေ၊နောက်ဆက်လာမဲ့ အစီအစဥ်တွေ၊လမ်းကြောင်းတွေကို ဘာမှမချပြခဲ့ပါဘူး။အတွင်းလူတစ်ဦးဖြစ်သူ Tom Henderson ရဲ့ပြောစကားအရ ဒါဟာဂိမ်းကဘယ်အပိုင်းကို ဦးတည်မလဲဆိုတဲ့ ရည်ရွယ်ချက်သေချာမရှိတာကြောင့် ဒီအခြေအနေဖြစ်နေတာလို့သိရပါတယ်။

DICE ရဲ့လက်ရှိအခြေအနေကိုသုံးသပ်တဲ့ Video အသစ်တစ်ခုမှာ Tom က EA ဟာဒီဂိမ်းကို Free to play လုပ်ပစ်ချင်နေတယ်လို့ ထုတ်ပြောခဲ့ပါတယ်။ဘယ်အချိန်လဲ၊Portal နဲ့ Hazard ထဲကဘယ်အပိုင်းကို Free ပေးဆော့မလဲဆိုတာတော့မသိရသေးပါဘူး။သတင်းတွေအရ Hazard ကိုဝင်ဆော့သူဟာ တစ်နေ့ကိုရာဂဏန်းပဲရှိတာမလို့ Portal ကိုပေးဆော့မယ်လို့တော့ထင်ရပါတယ်။Tom ရဲ့ဆက်လက်ခန့်မှန်းမူအရ ဖေဖော်ဝါရီတစ်ရက်နေ့မှာ ဂိမ်းရဲ့ဘဏ္ဌာရေးအခြေအနေကိုရှင်းပြပြီး တစ်ခုခုအပြောင်းအလဲဖြစ်လာနိုင်လိမ့်မယ်လို့ သိရပါတယ်။
လက်ရှိ Battlefield 2042 ရဲ့စျေးနှုန်းက Steam ပေါ်မှာမြန်မာငွေ တစ်သိန်းဝန်းကျင်လောက်ရှိပြီး Battlefield 2042 Gold Edition ဆိုရင်တစ်သိန်းခြောက်သောင်းဝန်းကျင်နဲ့ Battlefield 2042 Ultimate Edition ဆိုရင် နှစ်သိန်းဝန်းကျင်လောက်ထိရှိပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။