တချို့ IOS ဖုန်းတွေပေါ်မှာ League of Legends:Wild Rift ဆော့နိုင်မှာမဟုတ်တော့တဲ့အကြောင်း Riot Game ကဇန်နဝါရီလ ၂၉ ရက်နေ့ ၂၀၂၂ ခုနှစ်ရက်စွဲနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပါတယ် အဲ့ထဲမှာပါဝင်တဲ့အဓိကအကြောင်းကတော့ တချို့ IOS ဖုန်းတွေဟာ Low-spec ဖြစ်လာတာမလို့ ဂိမ်းကို Support မလုပ်ပေးတော့မဲ့အကြောင်းရင်းပါ
ဒီဖုန်းတွေဟာ Patch 3.1 ကနေစပြီး ဂိမ်းကိုမဆော့နိုင်တော့ပါဘူး iPhone နဲ့ iPad တချို့ဖြစ်ပြီး ပါဝင်တဲ့မော်ဒယ်တွေကတော့
.Apple iPhone 6
.Apple iPhone 6 plus
.Apple iPad Air(1st Gen)
.Apple iPad Mini 2
.Apple iPad Mini 3 တို့ဖြစ်ပါတယ်
Developer တွေဟာ ဖုန်းတွေရဲ့ Hardware Spec တွေအလိုက် ဂိမ်းကို Support ပေးနိုင်အောင် ချိန်ညှိရတာဖြစ်ပြီး ခုဖော်ပြထားတဲ့ဖုန်းတွေကို ချိန်ညှိရာမှာ အဖွဲ့အတွက်အလုပ်နည်းနည်းပိုလုပ်ရပါတယ် ဒါပေမဲ့ Patch မြင့်လာတိုင်း ချိန်ညှိရတာပိုခက်ခဲလာတာကြောင့် ခုလိုဆုံးဖြတ်လိုက်တာလို့ ထုတ်ပြန်ချက်ထဲမှာရေးသားထားပါတယ်
Patch 3.1 နောက်ပိုင်းမှာဒီဖုန်းတွေနဲ့ ဂိမ်းဆက်ဆော့နေမယ်ဆိုရင် ထစ်နေတာတွေ၊ဖုန်းစကရင်ကြီးမည်းနေတာတွေနဲ့ တခြားနည်းပညာပိုင်းဆိုင်ရာအခက်အခဲတွေကို ကြုံတွေ့ရမှာကြောင့် တခြား Spec ပိုမြင့်တဲ့ဖုန်းတွေနဲ့ အတွေ့အကြုံအသစ်ကို ခံစားလိုက်ပါလို့ပါပါသေးတယ် Apple ကလည်း ဒီဖုန်းတွေကို IOS 15 Update မပေးတော့တာကြောင့်လည်းပါတယ်လို့သိရပါတယ်
လောလောဆယ်မှာ IOS ဖုန်းမော်ဒယ်အနိမ့်တွေကိုသာ ဆက်လက် Support မပေးနိုင်တော့ကြောင်း အသံထွက်လာပေမဲ့ နောက်ဆိုရင် Android အနိမ့်တွေကိုပါ Support မပေးနိုင်တော့တာတွေဖြစ်လာနိုင်ပါတယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။