မိန်းကလေးတစ်ယောက်ရဲ့ တန်ဖိုးကို အပျိုမြှေး ရှိမရှိနဲ့ ဆုံးဖြတ်ခြင်းဟာ မြန်မာနိုင်ငံမှ မဟုတ်၊ အရှေ့အလယ်ပိုင်းနဲ့ ဖွံ့ဖြိုးတိုးတက်ပြီးသား ယူကေနိုင်ငံမှာပါ ရှိနေတဲ့ ရှေးရိုးစွဲတစ်ခုပါ။ ယူကေနိုင်ငံမှာ အပျိုရှိမရှိ မိန်းမကိုယ်အတွင်းထဲ လက်ထည့်ပြီး စမ်းသပ်ခြင်းနဲ့ အပျိုမြှေးအတု ခွဲစိတ် ဖန်တီးပေးခြင်းကို ဆရာဝန်တွေ ကိုယ်တိုင် လုပ်ပေးနေကြတာပါ။ ဒီ ၂ မျိုးလုံးဟာ စျေးကြီးပြီး ကာယကံရှင် မိန်းကလေးကို ကိုယ်ရောစိတ်ပါ ထိခိုက်နစ်နာစေတာမို့ မလုပ်သင့်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က ပြောပါတယ်။

ဒါကြောင့် ယူကေကလည်း ဒီ ၂ ခုလုံးကို တားမြစ်တဲ့ ဥပဒေမူကြမ်းကို ရေးဆွဲထားပြီး မကြာခင် အတည်ပြုချက်ရတော့မယ်လို့ သိရပါတယ်။ ဒီခွဲစိတ်မှုတွေဟာ မိန်းကလေးတစ်ယောက်က အပျိုစစ်ရမယ်၊ မင်္ဂလာဦးညမှာ သွေးထွက်မှ အပျိုစစ်တယ် စတဲ့ အယူအဆတွေနဲ့အတူ သတို့သားဘက်က အပျိုစစ်မှ လက်ခံတဲ့ ဓလေ့ထုံးတမ်းတွေကနေ ဆင်းသက်ခဲ့ပါတယ်။ Aileen ဆိုသူ ယူကေနိုင်ငံသူ အိန္ဒိယသူလေးဟာ ဆယ်ကျော်သက်အရွယ်မှာ အဓမ္မပြုကျင့်ခံခဲ့ရပါတယ်။ မိသားစုက အပျိုမြှေးအတု လုပ်ဖို့ ခဏခဏ ဖိအားပေးခဲ့တဲ့နောက် မခံနိုင်ဘဲ အိမ်က ထွက်ပြေးခဲ့တယ်လို့ BBC နဲ့ အင်တာဗျူးမှာ ဖြေခဲ့ပါတယ်။

ဒါပေမဲ့ လူတိုင်းက ဒီတားမြစ်မှု ဥပဒေကို လက်ခံတာတော့ မဟုတ်ပြန်ပါဘူး။ ယူကေက အလှအပရေးရာ ခွဲစိတ်ဆရာဝန် ဒေါက်တာ ဒီရာ့ဂျ်ဘားရဲ့ အဆိုအရ တရားဝင် လုပ်လို့ မရရင် တရားဝင် ခိုးလုပ်လိမ့်မယ်။ တကယ့် ဆရာဝန်တွေ မျက်ကွယ်ရောက်သွားပြီး ပိုးဝင်တာတွေ၊ ပိုက်ဆံပိုတောင်းတာတွေ ရှိလာလိမ့်မယ်။ ပညာပေးမှု အရင်မလုပ်ဘဲ ဥပဒေ အရင်ထုတ်တာက အန္တရာယ်များလွန်းတယ်လို့ ဆိုပါတယ်။ တကယ်လည်း ဒီကိစ္စဟာ သိမ်မွေ့နက်ရှိုင်းလွန်းတာကြောင့် ပညာပေးမယ်ဆိုရင်တောင် အချိန်တော်တော်ယူရမယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။

Credit - BBC news.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။