မိုဘိုင်းဖုန်းပေါ်မှာ Pakour စတိုင်နဲ့ ဂိမ်းလန်းလန်းလေးကို ဆော့ချင်သူတွေရှိကြမှာပါ Pakour ဆိုတာကတော့ အိမ်ခေါင်မိုးတွေ တိုက်တွေတစ်တိုက်နဲ့တစ်တိုက်ပြေးလွှားခုန်ကူးရင်း အလှကွက်လေးတွေပါပြရတဲ့ပုံစံကိုပြောတာဖြစ်ပါတယ် ဒါပေမဲ့မိုဘိုင်းပေါ်မှာဆိုတော့ အဲ့လိုဂိမ်းတွေကရှာရခက်ပြီး ရှာတွေ့ရင်လည်း သိပ်မကောင်းတဲ့ Gameplay နဲ့ဂိမ်းတွေကိုပဲ ရှာတွေ့ကြမှာပါ Pakour ဆိုတာနဲ့ အလှကွက်တွေများလေကောင်းလေ Mission တွေများလေကောင်းလေဖြစ်တာကြောင့် မိုဘိုင်းဖုန်းပေါ်မှာဆို အဲ့လိုဂိမ်းတွေကရှာရခက်ပါတယ် ဒါပေမဲ့လုံးဝမရှိတာမဟုတ်ပါဘူး Pakour မိုဘိုင်းဂိမ်းတွေထဲမှာ တော်တော်လေးပြည့်စုံတယ်လို့ပြောနိုင်တဲ့ဂိမ်းလေးတစ်ခုတော့ရှိပါတယ် Vector လို့ခေါ်တဲ့ဂိမ်းလေးပါ

Vector trailer

ဒီဂိမ်းကို Nikki ကထုတ်လုပ်ပေးထားတာဖြစ်ပြီး နောက်ဆုံး Update ကိုမနှစ် ဖေဖော်ဝါရီလကထုတ်ပေးထားပါတယ် ဂိမ်းရဲ့ Storyline ကတော့ရှင်းပါတယ် Simulation တစ်ခုလိုဖြစ်နေတဲ့ကမ္ဘာကြီးထဲကနေ လွတ်ထွက်လာသူတစ်ယောက်က အဲ့ Simulation အတွက်အလုပ်လုပ်ပေးနေသူတွေလက်ကနေ လွတ်မြောက်အောင်ထွက်ပြေးတာဖြစ်ပါတယ် အဲ့လိုထွက်ပြေးတဲ့လမ်းတလျှောက်မှာ Pakour အကွက်ဆန်းတွေပါပြပြီး ပြေးလွှားရမှာပါ

Photo via Nikki

ကိုယ်ကပြေး နောက်ကတစ်ယောက်ကလိုက်တဲ့ပုံစံဖြစ်တာကြောင့် အဖမ်းမခံရအောင်ပြေးရမှာဖြစ်ပါတယ် Power up လေးတွေစု အကွက်သစ်တွေထပ်ဝယ်ပြီး ပြေးနေရင်းအကွက်ပြရတော့မဲ့နေရာရောက်မှ လုပ်ပြလိုက်ယုံပါပဲ ရိုးရှင်းပေမဲ့ တအားကြီးလွယ်နေတာတော့မဟုတ်ပါဘူး 

Control ပိုင်းမှာဆို ခလုပ်တွေဘာတွေဘာမှမပါပဲ Screen မှာအပေါ်ဆွဲအောက်ဆွဲလုပ်ပြီး ကစားရမှာပါ Graphic ပိုင်းမှာဆို 2D Graphic ကိုအရိပ်ပုံစံမည်းမည်းလေးမြင်ရမှာဖြစ်ပြီး မကောင်းလောက်ဘူးလို့ ထင်စရာရှိပေမဲ့ သူ့ Gameplay နဲ့ Graphic ကတော်တော်လေးကိုလိုက်ဖက်ပါတယ်

Vector Gameplay

Pakour လုပ်ပြတဲ့ Animation တွေ၊Background Graphic တွေကတော့ တော်တော်လေးမိုက်ပါတယ် တိုက်တွေတစ်ခုပြီးတစ်ခုပေါ်မှာ ခုန်ပေါက်ပြေးလွှားနေကြတာကြောင့်လည်း Graphic ကပိုကောင်းနေတာပါ အသံပိုင်းမှာဆိုရင်တော့ ထူးထူးခြားခြားသိပ်မပါပါဘူး မှန်တွေကိုကိုယ်လုံးနဲ့ပစ်တိုက်ပြီးခွဲပစ်တာတွေ ငှက်တွေကကိုယ့်ကိုမြင်ရင်ထွက်ပြေးတာတွေမှာတော့ အသံနည်းနည်းပါးပါးကြားရမှာပါ ကျန်တဲ့အချိန်တွေမှာတော့ မြူးမြူးကြွကြွတီးလုံးသံနဲ့ပါပဲ

Vector မှ Pakour အကွက်များ (Photo via Games.lol)

ဒီဂိမ်းဟာထွက်ထားတာလည်းကြာနေတာကြောင့် Storyline နည်းတာတွေ Graphic သိပ်မကောင်းတာတွေရှိပေမဲ့ Pakour အကွက်တွေလည်းတော်တော်များတဲ့အပြင် Mission လည်း ၄၀ လောက်ပါဝင်ပါတယ် ပြေးသူနေရာကတင်မကပဲ လိုက်သူနေရာကပါ နေရာပြောင်းပြီး ကစားနိုင်သေးတဲ့အပြင် ဆော့နေချိန်မှာ အရမ်း Entertain ဖြစ်လွန်းတဲ့ခံစားချက်ကို ရရှိမှာဖြစ်တာကြောင့် မိုဘိုင်းဖုန်းပေါ်မှာ Pakour ဂိမ်းကောင်းတစ်ခုရှာနေသူတွေအတွက်တော့ ကျေနပ်စေမဲ့ဂိမ်းလေးတစ်ခုဖြစ်ပါတယ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။