လွန်ခဲ့တဲ့နှစ်တွေကတည်းက တရုတ်အစိုးရဟာ လူငယ်တွေရဲ့ ဂိမ်းကစားချိန်ကို ဆိုးဆိုးရွားရွားကန့်သတ်ခဲ့ပါတယ် ခုလည်းလာမဲ့ ဖေဖော်ဝါရီလမှာကျရောက်မဲ့ နှစ်သစ်ကူးပိတ်ရက်မှာ လူငယ်တွေဘယ်အချိန်လောက်ထိ ဂိမ်းဆော့နိုင်မလဲဆိုတာကို ထုတ်ပြန်ကြေညာခဲ့ပါတယ်တရုတ်ပြည်ရဲ့အကြီးဆုံး ဂိမ်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Tencent ဟာမကြာသေးခင်က ပြက္ခဒိန်တစ်ခုကို Weibo ပေါ်မှာတင်ခဲ့ပါတယ် အသက် ၁၈ နှစ်အောက်လူငယ်တွေ အချိန်ဘယ်လောက်ထိ ဂိမ်းဆော့နိုင်မလဲဆိုတာကို အဲ့ပြက္ခဒိန်မှာ အသေးစိတ်ရှင်းပြထားပါတယ်

အဲ့ပြက္ခဒိန်အရ ကလေးတွေနဲ့ဆယ်ကျော်သက်တွေဟာ ပိတ်ရက်အားလုံးမှာ စုစုပေါင်းဂိမ်းဆော့ချိန် ၁၄ နာရီရှိတယ်လို့ဖော်ပြထားပါတယ် “ဒီရာသီပိတ်ရက်မှာ ဂိမ်းလျှော့ဆော့လိုက်ပါ ဒါဆိုနောက်နှစ်ကျောင်းဖွင့်ချိန်ကျရင် အကောင်းဆုံးဖြစ်နေပါလိမ့်မယ်”လို့ Tencent ကရေးသားထားပါသေးတယ် “ဂိမ်းမဆော့နိုင်တဲ့အချိန်ကျရင် စာပိုဖတ်နိုင်၊လေ့ကျင့်ခန်းပိုလုပ်နိုင်ပြီး သဘာဝတရားနဲ့ ပိုနီးစပ်နိုင်ပါတယ်”လို့တောင် ရေးထားပါသေးတယ်

တရုတ်နှစ်သစ်ကူးပွဲတော်ဟာ ပုံမှန်ဆို ဇန်နဝါရီလနောက်ဆုံးရက်မှာစပြီး ၁၅ ရက်လောက်ကြာမြင့်တတ်ပါတယ် အဲ့လိုပိတ်ရက်ရှည်ကြီးထဲမှာ ဂိမ်းကစားသူတွေက ကစားချိန်ကို အချိုးချရမှာဖြစ်ပါတယ် မနှစ်ကစည်းမျဉ်းတွေနဲ့ပဲ အစိုးရကပြန်ကြပ်ထားတာမလို့ သောကြာနေ၊စနေနေ့နဲ့ တနင်္ဂနွေနေ့ ညဖက် ၈ နာရီကနေ ၉ နာရီထိသာ ဂိမ်းကစားနိုင်မှာဖြစ်ပါတယ်

အစိုးရက ဒီလိုစည်းမျဉ်းတွေကိုပြဌာန်းကတည်းက တရုတ် Gaming နယ်ပယ်ဟာ တော်တော်လေးရုန်းကန်နေခဲ့ရပါတယ် စည်းမျဉ်းတွေစပြကတည်းက ဂိမ်းကုမ္ပဏီပေါင်း ၁၄၀၀၀ ဟာပိတ်ပစ်ခဲ့ရပြီး ဗွီဒီယိုဂိမ်းလိုင်စင်တွေကိုလည်း ရုတ်သိမ်းခဲ့တာကြောင့် Gaming နဲ့ပတ်သက်တဲ့ကုမ္ပဏီတွေဟာ ဒီနယ်ပယ်အပြင်ကို တဖြည်းဖြည်းရောက်ရှိလာကြပါတယ်
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။