ကိုရီးယားဒရမ်မာ ဇာတ်လမ်းတွဲတွေထဲမှာမှ ဒရမ်မာကြီးပဲ ကြည့်ရတာပျင်းနေတဲ့သူတွေ ခြောက်ခြောက်ခြားခြားဇာတ်လမ်းပဲ ကြည့်ချင်တယ် ဒါပေမဲ့ကိုရီးယားကားဖြစ်ဦးမှဆိုတဲ့ဘလူတွေအားလုံးအတွက် ပြီးခဲ့တဲ့လကမှ ထုတ်လွှင့်ပြသခဲ့တဲ့ ကိုရီးယားဇာတ်လမ်းတွဲတစ်ခုရှိပါတယ် Happiness လို့ အမည်ရပါတယ် နာမည်က Happiness ဆိုပေမဲ့ ဇာတ်လမ်းကတော့ သိပ်ပျော်စရာမကောင်းပါဘူး
Yoon Sae-Bom ဆိုတဲ့ကောင်မလေးဟာ လူတွေကို ရူးသွပ်သွားစေတဲ့ ရောဂါတစ်မျိုးရှိနေသူနဲ့ ရင်ဆိုင်မိရင်း ဒဏ်ရာရသွားတာကြောင့် ကုသရေးစင်တာတစ်ခုကို ရောက်သွားပါတယ် အဲ့ဒီကုသရေးစင်တာမှာ သူမကို တိုက်ခိုက်တဲ့လူလို ရောဂါရှိနေသူတွေကို ထိန်းသိမ်းထားတဲ့ နေရာဖြစ်ပါတယ် အဲ့လိုနဲ့ Han Tae-Sook ဆိုသူနဲ့တွေ့ပြီးနောက် သူမကို လုံခြုံတဲ့ တိုက်ခန်းတစ်ခုမှာထားဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမဲ့ တိုက်ခန်းမှာသွားနေဖို့ဆိုရင် သူမဟာ အိမ်ထောင်ရှိမှဖြစ်တာကြောင့် သူမရဲ့အထက်တန်းတုန်းကသူငယ်ချင်း ဘတ်စကတ်ဘော ကစားသမားဟောင်း Jung Yi-Hyun ကို ခင်ပွန်းအဖြစ် ဟန်ဆောင်ပေးဖို့ အကူအညီတောင်းတာကို သူကလက်ခံလိုက်ပါတယ်

လက်ရှိတော့ Jung Yi-Hyun ဟာ စုံထောက်တစ်ဦးပါ Yoon Sae-Bom ဟာ ရောဂါရှိသူတစ်ယောက်ဆီကနေ ဒဏ်ရာရခဲ့ပေမဲ့ သူမကတော့ ရောဂါရှိသူတစ်ယောက်ပုံစံမပြောင်းသွားပါဘူး သူတို့ရောက်သွားတဲ့ တိုက်မှာလည်း Next ဆိုတဲ့ဆေးကို သောက်မိသူတွေကနေတဆင့် ရောဂါဟာပြန့်နေပြီး တဖြည်းဖြည်းကူးစက်ခံရသူ ပမာဏ တိုးပွားလာတာကြောင့် Han Tae-Sook နဲ့ သူ့ရဲ့စစ်တပ်ဟာ ကူးစက်ခံထားရသူတွေကို ကုသပေးဖို့ ကြိုးစားရမလား သတ်ပစ်ရမလား စဉ်းစားရကြပ်နေချိန်မှာပဲ ဒီသတင်းဟာ လူတွေကြားထဲ ပေါက်ကြားသွားတဲ့အခါ တိုက်ခန်းကို ဘယ်သူမှ မဝင်ရ ဘယ်သူမှမထွက်ရ ပိတ်ချလိုက်ပါတယ်

နောက်ပိုင်းတော့ ရောဂါကူးစက်ခံထားရသူတွေဟာ သေကုန်မလား ဘယ်ကနေစလာတဲ့ဘရောဂါလဲ Next ဆေးကရော ဘယ်ကဘယ်လိုလူတွေလက်ထဲရောက်လာလဲ Yoon Sae-Bom က ကုသဆေးကို ဖန်တီးရာမှာ ဘယ်လိုအကူအညီဖြစ်စေမလဲ တိုက်တစ်တိုက်လုံးထဲမှာ ဇွန်ဘီလို ရောဂါကူးစက်ခံထားရတဲ့ လူတွေနဲ့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူခံစားရမဲ့ ဇာတ်လမ်းတွဲပါ

မင်းသမီး Han Hyo-joo မင်းသား Park Hyung-sik နဲ့ Jo Woo-jin တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် Studio Dragon ကထုတ်လုပ်ထားတဲ့ ဒီဇာတ်လမ်းတွဲဟာ Season တစ်ခု အပိုင်း ၁၂ ပိုင်းရှိပြီး နိုဝင်ဘာလ ၅ ရက်နေ့ကစလို့ သောကြာနေ့နဲ့ စနေနေ့တိုင်း tvN မှာထုတ်လွှင့်ခဲ့ပါတယ် တခြား ဝါရင့်အရံသရုပ်ဆောင်တွေပါ အများကြီးပါဝင်တာကြောင့်မလို့ ကိုရီးယား သဘာဝလွန်ဇာတ်လမ်း နှစ်သက်သူတွေနဲ့ ဇွန်ဘီဇာတ်လမ်း နှစ်သက်သူတွေအတွက် အမိုက်စားဇာတ်လမ်းတွဲတစ်ခုပါ
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။