ဆောင်းတွင်း အအေးဓာတ်ကလေး စိမ့်ဝင်လာတဲ့အခါ ကိုယ်စီရင်ထဲ အချစ်စိတ်နဲ့ယှဥ်တဲ့ ဝေဒနာတွေ ဝေနေလောက်ပြီ ထင်ပါတယ်။ အေးစိမ့်တဲ့ တောထဲ တောင်ထဲ အိမ်အဝေးမှာ ချစ်သူနဲ့ ခွဲနေရတဲ့သူတွေအတွက်၊ တစ်ကိုယ်တည်းသမားလေးတွေအတွက် ရက်စက်တဲ့ဆောင်းပေါ့။

ညဘက်ရောက်ရင် အဆွေးဓာတ်က ပိုလာတယ်မဟုတ်လား။ အိမ်ကိုလွမ်းသလို အိမ်နဲ့တူတဲ့ တစ်စုံတစ်ယောက်တွေကိုလည်း လွမ်းကြရ၊ ကုန်လွန်ခဲ့တဲ့ အတိတ်နေ့တွေကိုလည်း သတိရပြန်တယ်။ ဒီလိုညတွေမှာ အထီးကျန်မှုကို ဖြေဖျောက်ဖို့ ဂစ်တာတီးရင်း သီချင်းဆိုတာဖြစ်ဖြစ်၊ နားကြပ်ကလေးနဲ့ တစ်ယောက်တည်း feel ဖို့ဖြစ်ဖြစ် အမိုက်စား သီချင်းဟောင်းလေး တစ်ပုဒ်ကို ပြောပြချင်ပါတယ်။

©Google

သီချင်းနာမည်က "စွန့်စားမယ့်အချစ်" တဲ့။ ထွက်ခဲ့တာက ၁၉၉၁ ခုနှစ်က ဆိုတော့ တော်တော်လေး ကြာခဲ့ပါပြီ။ မူရင်းအဆိုရှင်က ရဲသွင် ဖြစ်ပြီး တေးရေး မောင်ဇော်သစ်ပါ။ နှင်းဆီလှိုင်းများ ဆိုတဲ့ album ထဲ ပါဝင်ခဲ့ပြီး သူ့ခေတ်က အရမ်း နာမည်ကြီးခဲ့တဲ့ သီချင်းပါ။

နာမည်ကြီးလောက်အောင်လည်း သီချင်းက technique ပိုင်း ကောင်းတာအပြင် သီချင်းစာသား၊ ရဲသွင်ရဲ့ ပင်ကိုအသံနဲ့ mood က တကယ့်ကို လိုက်ဖက်ပြီး feel အပြည့်ဖြစ်နေတာပါ။ နောက်ပိုင်း လူငယ်တွေ ပြန်ဆိုထားကြတာလည်း ရှိပါတယ်။

©google

"စွန့်စားမယ် ကိုယ့်အချစ်ရေ... လိုက်ရဲလား။

စွန့်စားမယ် ကိုယ့်အချစ်ရေ.... ပြော"

ဒီစာသားလေးကို ကြားတိုင်း ရင်ထဲမှာ ဆွေးမြေ့တဲ့ ဝေဒနာ၊ အနာဂတ်အတွက် စိတ်လှုပ်ရှား ရင်ခုန်မှုကို ခံစားရတယ်။ ခေတ်ကြောင့် လွဲခဲ့ရတဲ့ ချစ်သူကို အားနာပြီး သတိရသလို ခေတ်ကြောင့် ဆုံစည်းပေါင်းဖက်နိုင်ခဲ့သူတွေကို အားကျကြည်နူးမိတယ်။

အထူးသဖြင့် ၂၀၂၁ လို ကာလမှာ ခံစားချက်တွေ တိုက်ဆိုင်မယ့် သီချင်းလေးတစ်ပုဒ်ဖြစ်တာမို့ ချစ်တတ်တဲ့လူတွေ အားလုံး နားထောင်ကြည့်နိုင်ဖို့ တင်ပြလိုက်ပါတယ်ရှင်။ ချစ်ရသူနဲ့ အမြန်ဆုံး နီးစပ်နိုင်ပါစေ။

©Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။