အကောင်းဆုံး သရုပ်ဆောင်တွေနဲ့ နာမည်အကြီးဆုံး မင်းသားမင်းသမီးတွေကိုပဲ ရွေးချယ်ထည့်သွင်းရိုက်ကူးခဲ့တဲ့Moon Lovers : Scarlet Heart Ryeo  ဇာတ်လမ်းတွဲဟာ ကိုရီးယားမှာသာမက တစ်ကမ္ဘာလုံးမှာပါ နာမည်ကြီးအောင်မြင်ခဲ့တဲ့ဇာတ်လမ်းပါ။  ဒီလောက်အောင်မြင်မှုရရှိခဲ့တဲ့Moon Lover ဟာထွက်ရှိပြီး၅နှစ်ကြာသွားခဲ့ပေမယ့်အခုချိန်ထိ Season 2 မထွက်နိုင်ခဲ့ပါဘူး။Season 2 မထွက်ခဲ့တဲ့အကြောင်းအရင်းက၂ချက်ရှိတယ်လို့သုံးသပ်ထားကြပါတယ်။

Google

1.  Ji Soo

Google

၁အချက်က မင်းသားWang Jung အဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသားJi Soo ကြောင့်ပါ။Ji Soo ဟာ အရမ်းအောင်မြင်မှုရရှိနေချိန်မှာ အတိတ်တုန်းက ကျောင်းတွင်းအကြမ်းဖက်မှုမှာပါဝင်ခဲ့တယ်ဆိုတဲ့ ပြစ်မှုကြောင့်တောင်ကိုရီးယားအနုပညာလောကကနေ ပျောက်ကွယ်လုနီးပါးအထိဖြစ်ခဲ့ပါတယ်။Ji Soo နဲပတ်သတ်ပြီး နောက်ဆုံးကြားခဲ့ရတဲ့သတင်းက ပြီးခဲ့တဲ့အောက်တိုဘာလ အစောပိုင်းမှာ စစ်မှုထမ်းရမယ်ဆိုတဲ့သတင်းပါပဲ။Ji Soo ဟာMoon Lover ထဲကဇာတ်ကောင်ဖြစ်တာကြောင့်Moon Lover Season 2 ရိုက်ကူးဖြစ်ရင်တောင်Ji Soo ပါချင်မှ ပါလာတော့မှာပါ။ပရိသတ်တွေကတော့Ji Soo သာရုပ်ရှင်ပြန်ရိုက်မယ်ဆို အမြဲတမ်းကြိုဆိုနေပါ့မယ်လို့ပြောထားပါတယ်။

Google

2. Jo Min Ki

နောက်တစ်ယောက်က ဘုရင်ကြီးTaejo အဖြစ်ပါဝင်ခဲ့တဲ့  Jo Min Ki ပါ။Jo Min Ki က အနှစ်၂၀ကျော်သရုပ်ဆောင်အတွေ့အကြုံရှိတဲ့သူဖြစ်သလို တက္ကသိုလ်ဆရာတစ်ယောက်လည်းဖြစ်ပါတယ်။ 

Google

Jo Min Ki ဟာ၂၀၁၈ခုနှစ်က ကျောင်းသူလေးတွေကိုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်စော်ကားတယ်ဆိုတဲ့အမှုနဲ့တရားစွဲဆိုခြင်း ခံခဲ့ရပါတယ်။အမှုရင်ဆိုင်ရပြီးနောက်မှာJo Min Ki တစ်ယောက်သူ့အပြစ်တွေကိုဝန်ခံခဲ့ပြီး တက္ကသိုလ်ကျောင်းဆရာရာထူးမှ နှုတ်ထွက်ခဲ့ပါတယ်။နောက်တစ်နေ့နံနက်၊၂၀၁၈ခုနှစ်မတ်လမှာJo Min Ki ကို သေဆုံးလျှက်တွေ့ရှိခဲ့ပါတယ်။ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်ခဲ့တာလို့ သိရပါတယ်။ 

Google

ကျိန်စာအတိုက်ခံထားရသလိုဖြစ်နေတဲ့ သရုပ်ဆောင်အချို့ကြောင့်  ပရိသတ်တွေကMoon Lover Season 2 ကိုဘယ်တော့မှရိုက်နိုင်တော့မှာ မဟုတ်ကြောင်းရိုက်ဖြစ်ရင်လည်းSeason 1 တုန်းကဇာတ်ကောင်တွေ ပါဝင်လာနိုင်တော့မှာမဟုတ်ကြောင်း သုံးသပ်ထားကြပါတယ်။

Google

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။