ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်လမ်းတို ပြေလျော့နွေ(သို့) Late Blooming In A Lonely Summer Day ဟာသက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်ရဲ့အထီးကျန်တယ်လို့ ခံစားနေရတဲ့စိတ်အခြေအနေနဲ့ နေထိုင်ရတဲ့နေ့ရက်တချို့ကို ပုံဖော်ရိုက်ကူးထားတဲ့မိနစ်၂၀စာဇာတ်လမ်းတိုရုပ်ရှင်လေးဖြစ်တယ်လို့သိရပါတယ်။

Late Blooming In A Lonely Summer Day

International Competition မှာရွေးချယ်ခံရတဲ့ ဇာတ်လမ်းဖြစ်ပြီးWinterthur ရုပ်ရှင်ပွဲတော်မှာပါ ပွဲဦးထွက်ပြသမယ့်ပြိုင်ပွဲဝင်ရုပ်ရှင်ဇာတ်လမ်းတို ဖြစ်ပါတယ်။

Late Blooming In A Lonely Summer Day

​ပြေလျော့နွေဇာတ်လမ်းထဲမှာ သရုပ်ဆောင်ပိုင်းကို ငယ်ငယ်ကတည်းကသဘောကျပြီးကျရာဇာတ်ရုပ်ကိုပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးကြီးမျိုးသန္တာထွန်းအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။မင်းသမီးမျိုးသန္တာထွန်းကိုယ်တိုင်လည်းဇာတ်လမ်းအတွက်ငွေကြေးမယူဘဲမေတ္တာဖြင့်သရုပ်ဆောင်ပေးထားတာလို့သိရပါတယ်။

Late Blooming In A Lonely Summer Day

ဒီဇာတ်လမ်းလေးထဲမှာ သရုပ်ဆောင်မင်းသမီးကြီးမျိုးသန္တာထွန်းဟာ သူမဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ်မိတ်ကပ်လုံးဝမလူးခဲ့ဘဲ သဘာဝကျကျ သဘောဆောင်ထားတယ်လို့သိရပါတယ်။

Late Blooming In A Lonely Summer Day

ဆွစ်ဇာလန်နိုင်ငံWinterthur ရုပ်ရှင်ပွဲတော်မှာ ဝင်ပြိုင်ခွင့်ရတဲ့ဇာတ်လမ်းတွေထဲမှာ အာရှနိုင်ငံတွေအနေနဲ့ မြန်မာကတစ်ကား ထိုင်းနိုင်ငံကတစ်ကား စုစုပေါင်း ၂ ကားသာ အရွေးချယ်ခံရခဲ့တာဖြစ်ပါတယ်။မြန်မာလူမျိုးတွေရိုက်ထားတဲ့  မြန်မာအငွေ့အသက်တွေလွှမ်းခြုံနေတဲ့ဇာတ်လမ်းလေးတစ်ခုက အခုလိုကမ္ဘာကျော်သွားခဲ့တာကြောင့်မြန်မာလူမျိုးတစ်ယောက်အနေနဲ့အရမ်းကိုဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ထပ်မံပြီးဆုတွေလည်း ရရှိလာစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။