လူသားတွေဖြစ်တဲ့အတွက် ပျော်ရွှင်မှုတွေ၊ဝမ်းနည်းမှုတွေကိုမကြုံချင်ရင်လည်း ကြုံရမှာဖြစ်ပါတယ်။စစ်မှန်တဲ့ပျော်ရွှင်မှု ဖြစ်ဖို့အတွက် နည်းလမ်းကောင်းတွေလိုသလို ဝမ်းနည်းလာတဲ့အခါမှာလည်း ဝမ်းနည်းမှုကို သေသေချာချာကိုင်တွယ်တတ်ဖို့အရေးကြီးပါတယ်။

Photo Credit - Google

၁။ငိုချလိုက်ပါ။

ကိုယ်ရင်ထဲမှာခံစားရတာတွေကို အပြင်ကိုဖွင့်ချလိုက်ပါ။မျက်ရည်မကျဘူးဆိုပြီး အံတင်းမထားပါနဲ့။ဝမ်းနည်းမှုကို ဖြေလျော့ဖို့အတွက် သင်ကြိုက်နှစ်သက်ရာနည်းကို အသုံးပြုပြီး ငိုချပါ။တစ်ချို့ဆို အခန်းတံခါးပိတ်ပြီး ငိုတာမျိုး၊တိတ်ဆိတ်တဲ့နေရာသွားပြီး ငိုတာမျ်ိုးကို ပြုလုပ်သင့်ပါတယ်။မျက်ရည်ကျတယ် ငိုတယ်ဆိုတာ တကယ်တော့ အရှုံးပေးတာမျိုးမဟုတ်ပါဘူး။ဒါကြောင့် လွတ်လွတ်လပ်လပ်ငိုချလိုက်ပါ။

Photo Credit - Google

၂။ကိုယ့်ရဲ့ခံစားချက်တွေကို ချရေးပါ။

ကိုယ်ဘာကြောင့်ဝမ်းနည်းစေတာလဲ၊ဘယ်အကြောင်းအရာက ကိုယ့်ကိုဝမ်းနည်းစေလဲဆိုတာကို စာအုပ်ထဲမှာ ကိုယ်ခံစားသမျှအရာအားလုံးကို ချရေးပါ။ဒီလိုချရေးခြင်းအားဖြင့် စိတ်ထဲမှာ သိမ်းထားရတဲ့အစိုင်အခဲတွေ တစ်နည်းအားဖြင့် ပြေလျော့သွားစေပြီး ကိုယ့်ရဲ့ဝမ်းနည်းမှုကို သက်သာလာစေမှာ ဖြစ်ပါတယ်။

Photo Credit - Google

၃။ရေနွေးနွေးလေးနဲ့ရေချိုးပါ။

ကိုယ့်စိတ်ကအဆင်မပြေတာ၊ဝမ်းနည်းလာတာမျိုးဖြစ်ပြီး ကိုယ့်စိတ်တွေ ညစ်ညူးလာတယ်ဆိုရင် ရေနွေးနွေးလေးနဲ့ ရေချိုးကြည့်ပါ။ကိုယ့်ကို ဝမ်းနည်းစေတဲ့အကြောင်းအရာကို တစ်ချိန်လုံးမတွေးမိတော့ပဲ ကိုယ်ဟာ လတ်ဆတ်တဲ့ ရနံ့လေးတွေကြောင့် စိတ်ကို သက်သာလာစေမှာ ဖြစ်ပါတယ်။

Photo Credit- Google

၄။Relax Music လေးတွေနားထောင်ပါ။

ဝမ်းနည်းနေတဲ့အချိန်မှာ အဆွေးသီချင်းတွေနားထောင်တာထက်စာရင် စိတ်ကို ငြိမ်သက်စေမယ့် Relax ဖြစ်စေမယ့် music လေးတွေရှာနားထောင်ကြည့်ပါ။

Photo Credit - Google

၅။တိရစ္ဆာန်လေးတွေနဲ့အချိန်ကုန်ဆုံးပါ။

ကိုယ်ဟာ အထီးကျန်လို့ ဝမ်းနည်းတာပဲ ဖြစ်ဖြစ် စိတ်အဆင်မပြေလို့ ဝမ်းနည်းနေတဲ့အခါမှာ ကိုယ့်ရဲ့အိမ်မွေးတိရစ္ဆာန်လေးနားသွားပြီး သူနဲ့စကားပြောကြည့်ပါ။သူ့ကိုပွေ့ဖက်ပါ။အထိုက်အလျောက်တော့ ဝမ်းနည်းမှုကို သက်သာစေမှာ ဖြစ်ပါတယ်။

၆။အနားယူပါ။

ဝမ်းနည်းလာတယ်ဆိုရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပဲ ငါဒီနေ့တော့ ဝမ်းနည်းနေတယ်ဆိုတာကို လက်ခံလိုက်ပါ။အတင်းကြီးလည်း ပျော်ဖို့မကြိုးစားပါနဲ့။နောက်ပြီးတော့ ဘာမှမတွေးပဲ ဝမ်းနည်းမှုကို အတိုင်းအတာတစ်ခုထိလွှတ်ထားပေးပါ။ကိုယ့်ကိုယ်ကို ပြန်ချော့လိုက်ပါ။နောက်ပြီးရင်တော့ အိပ်ရေးဝအောင် အိပ်ပါ။ဖော်ပြခဲ့တဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်ပြီး ကျန်းမာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။