ယခုခေတ်ဟာ နည်းပညာထွန်းကားလာတာနဲ့အမျှ ဖုန်းနဲ့မျက်နှာနဲ့ဟာလည်း မခွာချင်လောက်အောင်ကိုပင် ဖြစ်နေပါတယ်။တစ်နေ့တာမှာ Social Media သုံးစွဲမှုဟာ အချိန်အားဖြင့် အရမ်းများလာတာကြောင့် လိုအပ်တာထက်ပိုတဲ့စိုးရိမ်ပူပန်မှုတွေ၊အထီးကျန်ခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။Social media သုံးစွဲခြင်းကို အချိန်အတိုင်းအတာတစ်ခုထိ လျှော့ချလိုက်မယ်ဆိုရင် သင့်အတွက် ရရှိလာနိုင်မဲ့ အကျိုးကျေးဇူး ( ၆)ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ အိပ်စက်မှုဟာ အချိန်မှန်ဖြစ်လာမယ်။
ဒါကဘာကိုပြောချင်တာလဲဆိုတော့ ကိုယ်က Social Media သုံးရင်း ညအိပ်မပျော်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ညအိပ်မပျော်တော့ အိပ်စက်မှုစက်ဝန်းဟာ မမှန်တာကြောင့် အိပ်ရေးမဝတာတွေ၊စိတ်မကြည်လင်တာတွေ ဖြစ်တတ်လာပါတယ်။ဒါကြောင့် ညအိပ်ရာဝင်ခါနီးကို ဖုန်းနဲ့ဝေးကွာကွာနေကြည့်ပါ။

၂။အကောင်းမြင်စိတ်တွေများလာမယ်။
Social Media က လူတန်းစားမျိုးစုံသုံးတာဖြစ်တဲ့အတွက် အဆိပ်အတောက်တွေလည်း ပါလာနိုင်ပါတယ်။ကိုယ်ဟာ တစ်ခါတစ်ခါ Social Media ကိုကြည့်ရင်း စိတ်ညစ်သွားတာမျိုးတွေဖြစ်တတ်တာမျိိုးကို ကြုံဖူးကြမှာပါ။ဒါကြောင့် ဒီလိုမဖြစ်အောင် Social Media ကို အချိန်လျှော့ပြီး သုံးကြည့်ပြီး ကိုယ့်ရဲ့လက်တွေ့ဘဝမှာ ဖြစ်ပျက်နေတဲ့အရာတွေကို အကောင်းမြင်စိတ်နဲ့တွေးတတ်လာပါလိမ့်မယ်၊၊

၃။ကိုယ်ချစ်ခင်ရသူတွေကို အချိန်များများပေးနိုင်လာမယ်။
ဘယ်သူနဲ့မှ စကားမပြောဖြစ်ပဲ ဖုန်းနဲ့မျက်နှာအပ်နေကြတာက တကယ်တော့လုံးဝလုံးဝ မကောင်းပါဘူး။ကိုယ်က Social Media ကို အချိန်တစ်ခုထိလျှော့ချလိုက်နိုင်မယ်ဆိုရင် သင့်အတွက် မိသားစု၊သူငယ်ချင်း၊ကိုယ်ချစ်ရတဲ့သူတွေကို အချိန်အများကြီးပေးနိုင်မှာ ဖြစ်ပါတယ်။

၄။စိုးရိမ်စိတ်ကိုလျှော့ကျစေပါတယ်။
Social Media သုံးတာဟာ ကောင်းကျိုးတွေလည်း အများကြီးရှိသလို ဆိုးကျိုးတွေကလည်း အများကြီးပါ။Social Media ကို လူတန်းစားမျိုးစုံ သုံးစွဲတာကြောင့် အဆိပ်အတောက်ဖြစ်စေတဲ့သတင်းတွေ၊အကြောင်းအရာတွေက အများကြီးပါ။ကိုယ်က ဒီသတင်းတွေကိုမြင်ရတဲ့အခါမှာ လိုအပ်တာထက်ပိုတဲ့ စိုးရိမ်ပူပန်မှူတွေ အများကြီးရလာစေပါတယ်။ဒါကြောင့်မို့ Social Media ကိုအချိန်လျှော့သုံးစွဲလာနိုင်လေလေ စိုးရိမ်စိတ်တွေလည်း လျှော့ကျလာမှာ ဖြစ်ပါတယ်။

၅။မိမိကိုယ်ကို ချစ်တတ်လာမယ်။
အရင်က ငါးနာရီလောက်ဆက်တိုက် Social Media သုံးစွဲရာကနေ နှစ်နာရီလောက်ပဲ သုံးတော့မယ်ဆိုရင် အချိန်သုံးနာရီထွက်လာပါလိမ့်မယ်။အဲ့အချိန် ၃ နာရီမှာ ကိုယ်ကြိုက်နှစ်သက်တဲ့ အစားအစာလေးတွေ ချက်စားတာပဲ ဖြစ်ဖြစ် ၊ကိုယ်ဝါသနာပါတဲ့အရာတွေကို လိုက်လုပ်ကြည့်ခြင်းအားဖြင့် ကိုယ်ကဘာလုပ်ရတာကိုကြိုက်လဲဆိုတာကို သိလာစေပါတယ်။

၆။နှိုင်းယှဥ်ခြင်းတွေ လျော့နည်းလာမယ်။
Social Media တွေထဲက Facebook တို့ Instagram တို့မှာဆိုရင် တော်တော်များများက ကိုယ့်ရဲ့ပျော်ရွှင်နေတဲ့အပိုင်းတွေကိုပဲ ဝေမျှလေ့ရှိတာကို ကိုယ်က သဘောပေါက်ထားဖို့လိုပါတယ်။ဘာလို့လဲဆိုတော့ အဲလိုသဘောမပေါက်ထားဘူးဆိုရင် ကိုယ့်ကိုယ်ကို အလိုမကျမှုတွေ၊အပြစ်တင်မှုတွေ များပြားလာပြီး သူများဘဝနဲ့ကိုယ့်ဘဝကို နှိုင်းယှဥ်လာနိုင်ပါတယ်။Social Media ကို အချိန်တစ်ခုထိ လျှော့ချနိုင်မယ်ဆိုရင်တော့ သူများနဲ့နှိုင်းယှဥ်မိတာတွေ နည်းပါးသွားပြီး ပျော်ရွှင်လာနိုင်မှာ ဖြစ်ပါတယ်။
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။