ချစ်သူသက်တမ်း ၇ နှစ်ကြာပြီဖြစ်တဲ့ သရုပ်ဆောင် Kim Woo Bin နှင့် Shin Min Ah တို့ဟာ ဒရမ်မာအသစ်မှာ အတူတကွ ပါဝင်သရုပ်ဆောင်ကြတော့မှာပါ။ သူတို့ချစ်သူနှစ်ယောက်ကို ဇာတ်လမ်းတစ်ခုထဲမှာ အတူတူတွဲမြင်ချင်တဲ့ သူလေးတွေက ဒီဇာတ်လမ်းလေးအတွက် အရမ်းကိုရင်ခုန်နေကြပါပြီ။

Photo - Google

Kim Woo Bin နှင့် Shin Min Ah တို့တွဲနေတာ ၇ နှစ်ကြာသက်တမ်းအကြာမှ အခုလို ဇာတ်လမ်းတစ်ခုထဲမှာ အတူတကွမြင်တွေ့ရတာဖြစ်ပါတယ်။ ဒရမ်မာနာမည်က “Our Blues” ဖြစ်ပြီး ထုတ်လုပ်ရေးကုမ္ပဏီ Studio Dragon က အောက်တိုဘာလ ၇ ရက်နေ့မှာ ပါဝင်မယ့်သရုပ်ဆောင်တွေကို တရားဝင်ကြေညာပေးလိုက်တာဖြစ်ပါတယ်။

Photo - Google

“Our Blues” ကို ဒါရိုက်တာ Noh Hee Kyung နှင့် Kim Kyu Tae တို့ကပါဝင်ရိုက်ကူးကြမှာဖြစ်ပြီး ဇာတ်လမ်းပုံစံက ကျွန်းကြီးတစ်ခုမှာလာစုကြတဲ့လူတွေအကြောင်းရိုက်ကူးထားတဲ့ Anthology ဒရမ်မာအမျိုးအစားဖြစ်တယ်လို့သိရပါတယ်။

Photo - Google

ဇာတ်ကောင်တွေအဖြစ် Lee Byung Hun ၊ Shin Min Ah ၊ Cha Seung Won ၊ Kim Woo Bin ၊ Lee Jung Eun ၊ Han Ji Mn နှင့် Uhm Jung Hwa တို့ပါဝင်သရုပ်ဆောင်ကြမှာဖြစ်ပါတယ်။

Photo - Google

 Lee Byung Hun က Lee Dong Seok နာမည်နဲ့ ဂျယ်ဂျူးကမ်းခြေမှာနေတဲ့ နယ်ခံအဖြစ် ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပြီး Shin Min Ah ကတော့ ဂျယ်ဂျူးကမ်းခြေကို အကြောင်းအရင်း တစ်ခုကြောင့်ရောက်လာတဲ့ Min Sun Ah ဆိုတဲ့ကောင်မလေးအဖြစ်ပါ ဝင်သရုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo - Google

အပြင်ကတကယ့်အတွဲလေးက ဒီထဲမှာလည်း ချစ်သူတွေဖြစ်လာမလားဆိုတာကိုတော့ ဆက်လက်ပြီးစောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။