ယနေ့အောက်တိုဘာလ ၆ ရက်နေ့မှာ Sweet Home Season 2 ကို စတင်ရိုက်ကူးနေပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်ပါတယ်။ တရားဝင်ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက် အရင် Season 1 မှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ အဓိကဇာတ်ကောင်တွေ မပါလာတော့ဘူးဆိုတဲ့ သတင်းတွေထွက်ရှိလာပါတယ်။

Photo : Lee Jin Wook - Google 
Photo : Song Kang - Google 

Sweet Home Season 1 က ၂၀၂၀ ခုနှစ်ဒီဇင်ဘာလမှာစတင်ထွက်ရှိခဲ့တဲ့ Netflix ရဲ့ စီးရီးတစ်ခုဖြစ်ပြီး အရမ်းကိုအောင်မြင်မှုတွေရရှိခဲ့တာပါ။ လာမယ့် Sweet Home Season 2 မှာလည်း Season 1 သရုပ်ဆောင်တွေထဲက  မင်းသမီး Lee Si Young နှင့် Park Gyu Young တို့သာ ပါဝင်လာမယ်လို့ သတင်းတွေထွက်ရှိနေပါတယ်။

Photo : Lee Si Young - Google 
Photo : Park Gyu Young - Google 

Sweet Home Season 2 နှင့် ပတ်သတ်ပြီး  ဇူလိုင်လမှာလည်း သတင်းတွေထွက်ရှိခဲ့ဖူးပါတယ်။ ဇူလိုင်လရဲ့သတင်းတွေထဲမှာတော့ Song Kang ၊ Lee Jin Wook နှင့် Lee Si Young တို့ပါဝင်လာမှာဖြစ်တယ်လို့ပြောထားပေမယ့် အဲဒီသတင်းကို Netflix ကငြင်းလိုက်ပါတယ်။ 

Photo : Go Min Shi  - Google 

အခုတစ်ခေါက်မှာလည်း အရေးပါတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ကြတဲ့ Song Kang ၊ Lee Jin Wook နှင့် Go Min Shi တို့မပါတော့ဘူးလို့သတင်းတွေထွက်နေတာပါ။ ဇာတ်ကောင်အဟောင်းတွေအစား အသစ်တွေကိုထည့်သုံးသွားဖို့ရှိတယ်လို့သိရပြီး အသစ်တွေကဘယ်သူတွေလဲဆိုတာကိုတော့ အခုထိမသိရှိရသေးပါဘူး။

Photo - Google 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။