မြန်မာနာမည် F4 ချစ်သူလို့ နာမည်ကြီးခဲ့တဲ့ ကိုရီးယားဗားရှင်း F4: Boys Over Flowers ကိုအားလုံးပဲသိကြမှာပါနော်။ ကိုရီးယားဗားရှင်း F4: Boys Over Flowers ဟာ ၁၉၉၂ ခုနှစ်ကထုတ်ဝေခဲ့တဲ့ ဂျပန်ရဲ့ နာမည်ကြီး manga ဖြစ်တဲ့ Hana Yori Dango ကိုအခြေတည်ရိုက်ကူးထားတာပါ။

ဇာတ်လမ်းတွဲအနေနဲ့ ဂျပန်၊ကိုရီးယား၊တရုတ် နိုင်ငံတွေမှာ ပြန်လည်မှီငြိမ်းရိုက်ကူးထားပြီး နိုင်ငံတိုင်းမှာလည်းအရမ်းကိုအောင်မြင်ခဲ့ပါတယ်။ အခုတစ်ခေါက်မှာလည်း ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထုတ်လုပ်ရေးကုမ္ပဏီ GMMTV ကပြန်လည်ရိုက်ကူးမယ်လို့ကြေညာထားပါတယ်။ F4 Thailand : Boys Over Flowers က GMMTV နှင့် Parbdee Taweesuk တို့ပူးပေါင်းရိုက်ကူးမယ့် ၂၀၂၁ ခုနှစ်ရဲ့ ပရောဂျက်ကြီးတစ်ခုဖြစ်ပါတယ်။

Photo - Google

ဇာတ်လမ်းတွဲထွက်ရှိမယ့်ရက်ကိုတော့ တရားဝင်ကြေညာထားခြင်းမရှိသေးပါဘူး။ဒါပေမယ့် ထိုင်းဗားရှင်း F4 မှာ အရမ်းကိုနာမည်ကြီးတဲ့ ထိုင်းနိုင်ငံရဲ့မင်းသားလေးတွေဖြစ်တဲ့ Bright Vachirawit နှင့် Win Metawin တို့ ပါဝင်လာမယ်ဆိုတာကြောင့် လူစိတ်ဝင်စားမှုများပြားလျှက်ရှိပါတယ်။

Bright Vachirawit : Photo - Google
Win Metawin : Photo - Google

ဇာတ်လမ်းပုံစံက Manga ကိုမှီငြိမ်းထားတာကြောင့် အခြား F4 ဇာတ်လမ်းတွေပုံစံအတိုင်း ဖြစ်မယ်လို့သိရပါတယ်။ ဇာတ်လမ်းပုံစံတူပေမယ့် ပါဝင်မယ့်သရုပ်ဆောင်တွေရယ် ဒါရိုက်တာရဲ့ ဇာတ်လမ်းဆင်မှုအနုပညာတွေအပေါ်မူတည်ပြီး ကြည့်ရတဲ့ ရသလေးကတော့ ကွာခြားသွားမှာပါ။

ပါဝင်မယ့် သရုပ်ဆောင်တွေက Bright Vachirawit ၊ Win Metawin ၊ Dew Jirawat ၊ Nani Hirunkit နှင့် Tu Tontawan တို့ဖြစ်ပါတယ်။ Bright နှင့် Win တို့က နိုင်ငံတကာပရိသတ်အခိုင်အမာရရှိထားကြတဲ့သူတွေဖြစ်ပြီး Dew Jirawat နှင့် Nani Hirunkit တို့ကလည်း ပရိသတ်အခိုင်အမာရှိထားကြတဲ့သူတွေပါ။ Tu Tontawan ကတော့အခုမှ F4 ဇာတ်လမ်းနဲ့စပြီး debut လုပ်မှာဖြစ်ပါတယ်။

Dew Jirawat : Photo - Google
Nani Hirunkit : Photo - Google
Tu Tontawan : Photo - Google

F4 ဇာတ်လမ်းတွေက ဘယ်နိုင်ငံကရိုက်ရိုက် ရိုးမသွားပဲ ကြည့်လို့ကောင်းတာကြောင့် ဒီထိုင်းဗားရှင်းလေးကလည်း နာမည်ကြီးမယ့် ဇာတ်လမ်းတွဲကောင်းဖြစ်မယ်လို့ နိုင်ငံတကာရုပ်ရှင်ချစ်သူတွေကသုံးသပ်ထားကြပါတယ်။ F4 Thailand: Boys over Flowers ရဲ့ နမူနာဗီဒီယိုအတိုလေးကိုအောက်မှာဝင်ကြည့်သွားလို့ရပါတယ်။ အရမ်းကိုမိုက်တာနော် Bright ၊ Win ပရိသတ်ဆိုရင်တော့သေချာပေါက်အားပေးရမယ်နော် ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။