လှပတဲ့ဇာတ်အိမ်လေးနဲ့မိမိုက်တဲ့ကာရိုက်တာဖွဲ့စည်းမှုလေးကြောင့်ဇာတ်ကားမထွက်လာခင် ကတည်းက နာမည်ကြီးနေတဲ့ "The King's Affection" ကို အောက်တိုဘာလ၁၁ရက်နေ့မှာ ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ ဒီဒရမ်မာလေးထဲမှာမင်းသမီး Park EunBin နှင့် SF9 အဖွဲ့ဝင် Rowoon တို့ကအဓိကဇာတ်ကောင်တွေအဖြစ်ပါ ဝင်သရုပ်ဆောင်သွားကြမှာပါ။

The King's Affection က တောင်ကိုကိုရီးယားနိုင်ငံရဲ့နာမည်ကြီး Comic ဖြစ်တဲ့ manhwa ကို အခြေခံရိုက်ကူးထားတဲ့ဇာတ်လမ်းလေးဖြစ်ပြီး KBZ 2TV ကနေ ထုတ်လွှတ်ပြသသွားမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကမူရင်း Comic ကို အများကြီး မပြောင်းထားဘူးလို့သိရပါတယ်။

Photo - Soompi

ဇာတ်လမ်းအကျဉ်းလေးကမင်းသမီးနှင့်သူ့အစ်ကိုတော်တို့က တော်ဝင်မျိုးနွယ်အမွှာလေးအဖြစ် မွေးဖွားခဲ့ကြတာပါ။မင်းမျိုးနွယ်တို့ထုံးစံအတိုင်းယောကျာ်းလေးကိုမွေးမိန်းကလေးကိုစွန့်ပစ်ခဲ့ကြပါတယ်။အကိုဖြစ်သူသေဆုံးခဲ့ပြီးနောက်မှာညီမဖြစ်သူကယောကျာ်းလေးပုံစံဟန်ဆောင်ခဲ့ပြီးအစ်ကိုဖြစ်သူရဲ့အိမ်ရှေ့စံနေရာကိုအစားထိုးဝင်ရောက်ခဲ့ပါတယ်။

Photo - Soompi

ဒီဇာတ်လမ်းလေထဲမှာမင်းသမီးPark Eun Bin ကလျို့ဝှက်ချက်တွေများတဲ့အိမ်ရှေ့စံ Lee Hwi အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Rowoon ကအိမ်ရှေ့စံ Lee Hwi ရဲ့ဆရာအဖြစ်ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ဇာတ်လမ်းလေးမထွက်ခင်မှာအကြိုခံစားလို့ရအောင်ဇာတ်လမ်းပိုစတာလေးတွေထည့်ပေးထားတယ်နော်။ပိုစတာလေးတွေနဲ့တင်အရမ်းတွေကြွေနေပါပြီ။ဘယ်လိုလဲဇာတ်လမ်းလေးထွက်လာရင်ရောကြည့်ကြမယ်မဟုတ်လား။

Photo - Soompi
Photo - Soompi
Photo - Soompi
Photo - Soompi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။