နိုင်ငံတကာက ကျန်းမာရေး အသိပညာရှင်များရဲ့ လေ့လာတွေ့ရှိချက်တွေအရ Covid-19 ဟာ မျိုးရိုးဗီဇတွေဘယ်လောက်ပဲ ပြောင်းပြောင်း သူ့ရဲ့ အကြီးမားဆုံး အန္တရာယ်ကတော့ နှလုံးတွင်းကသွေးတွေကို ပျစ်သွားစေနိုင်တယ်ဆိုတာပါပဲ။

photo credit from google

Covid-19 ကို ကူးစက်ခံရတဲ့ လူတွေဟာ နှလုံး နဲ့ အဆုတ်လမ်းကြောင်းကို တိုက်ခိုက်ခြင်းများစွာခံရပြီး သွေးကြောတွေမှာ သွေးများပျစ်ကာ နောက်ဆုံး အောက်စီဂျင်လုံး၀ ပြတ်သွားတဲ့အထိခံစားကြရတာဖြစ်ပါတယ်။

 အခုနောက်ပိုင်းမှာ လူတွေက သွေးပျစ်မှာ သွေးခဲမှာကို ကြောက်လန့်နေကြပြီး သွေးကျဲဆေးတွေကို ဆရာ၀န် ရဲ့ လမ်းညွှန်ချက်မပါပဲ သောက်သုံးနေကြတာ ကို လည်းအများကြီးတွေ့ရပါတယ်။

photo credit from google

တကယ်တော့ Aspilet အစရှိတဲ့သွေးကျဲ ဆေး အများစုဟာ တတ်ကျွမ်းနားလည်တဲ့ဆရာ၀န်ကြီးတွေကိုယ်တိုင်ညွှန်ကြားမှ သောက်သင့်တဲ့ ဆေးတွေမလို့ ကိုယ့်အတွေးနဲ့ကိုယ်လို သလိုသောက်နေမယ်ဆိုရင် တော ့ကြာလာတဲ့အခါမှာ အန္တရာယ်ရှိလာနိုင်ပါတယ်…

ဒါကြောင့် သွေးပျစ်ခြင်း (သို့) သွေးခဲခြင်းကို အိမ်မှာတင်ဆေးဖိုးမကုန်ပဲ အန္တရာယ်ကင်းကင်းနဲ့ ကုသလို့ရတဲ့ အလွယ်ဆုံးနဲ့ အရိုးရှင်းဆုံးနည်းလမ်း (၂) ခုကို ဒီနေ့မှာ ဖော်ပြပေးလိုက်ပါမယ်နော်…

(၁) ကြက်သွန်ဖြူနေ့စဉ်စားပါ

ကြက်သွန်ဖြူဟာ ပျစ်နေတဲ့သွေးတွေကို အကောင်းဆုံး အရည်ဖျော်ပေးနိုင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ကြက်သွန်ဖြူမှာ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်တဲ့ အာနိသင်တွေအပြင် သွေးထဲက အဆီတွေနဲ့ ခဲနေတဲ့သွေးကြောတွေကို ဖြေလျော့ပေးနိုင်တာမလို့ ကြက်သွန်ဖြူကို နေ့စဉ်မှန်မှန်စားပေးဖို့လိုပါမယ်။

photo credit form google

(၂) တစ်နေ့ ခြေလှမ်းပေါင်း(၆၀၀၀) လျှောက်ပါ

အရင်ကလမ်းသိပ်မလျှောက်ဘူးဆိုရင်တောင် အခုလို Covid ကာလမှာ တစ်နေ့ကို ခြေလှမ်းရေ (၆၀၀၀) လောက်လျှောက်ပေးဖို့လိုပါမယ်။ သွေးခဲတာက ခြေထောက်ကနေ အစပျိုးလာတတ်တာမလို့ ခြေထောက်၊ခြေသလုံးလေ့ကျင့်ခန်းများကို နေ့စဉ်လုပ်ပေးသင့်တဲ့အပြင် လမ်းများများလျှောက်ပေးဖို့အထူးလိုအပ်ပါတယ်။

ကဲ… ‌ဆေးဖိုးလည်းမကုန် အန္တရာယ်လည်းကင်းပြီး နှလုံးသွေးခဲခြင်းကို ကာကွယ်ချင်တဲ့ Myanmarload ပရိတ်သတ်ကြီးလည်း ဒီနည်းလေးတွေကို အသုံးချပြီးနေ့စဉ်ဘ၀ကို ကျန်းမာပျော်ရွှင်စွာဖြတ်သန်းနိုင်ကြပါစေနော်…

သတင်းအရင်းမြစ်:

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။