အပျိုဖော်ဝင်စ လူပျိုဖြစ်စ အရွယ်မှာဆိုရင် ဟော်မုန်အပြောင်းလဲကြောင့် ဝက်ခြံပေါက်တတ်ကြပါတယ်။ ဝက်ခြံထွက်ခြင်းက အကြောင်းရင်အမျိုးမျိုးရှိကြပါတယ်။ နဖူးမှာထွက်တဲ့ဝက်ခြံကျတော့ အစာခြေစနစ် မကောင်းခြင်းနဲ့ စိတ်ဖိစီးမှုတွေများလို့ ပေါက်ရောက်တဲ့နေရာဖြစ်ပါသတဲ့။ဒါကြောင့် ဝက်ခြံဆိုတာနဲ့ ကိုယ်သုံးနေတဲ့ cream နဲ့ဆိုင်လား မဆိုလား ဆိုတာကိုတော့ ခုလိုဖော်ပြပေးလိုက်ပါတယ်။ 

ပါးမှာပေါက်တဲ့ ဝက်ခြံကတော့ လေထုညစ်ညမ်းမှုကြောင့်ဖြစ်ရတာလို့ သိရပါတယ်နော်။မျက်နှာသစ်တာကအစ ဂရုစိုက်မှရမှာပါ။ ပီးတော့ အများသိကြတဲ့အတိုင်း T Zone ဆိုတာ ကတော့ နှာခေါင်းနဲ့ နဖူးအစပ်နေရာလေးကို ခေါ်ပါတယ်။ အဲဒီနေရာမှာပေါက်ရင်တော့ အသားတွေ နို့ထွက်ပစ္စည်းတွေများများစားခြင်းကိုရှောင်ကြည်သင့်ပါတယ်။ 

မေးစေ့မှာပေါက်တဲ့ ဝက်ခြံကတော့ ဟော်မုန်းမညီမျှခြင်းကြောင့် ပေါက်တဲ့နေရာဖြစ်ပါတယ်။ လက်မောင်း နောက်ကျော ၊ပေါင်နေရာတွေမှာပေါက်လာရင်တော့ ချွေးထွက်များခြင်း၊ ဟော်မုန်းမညီမျှခြင်း၊ မျိုးရိုးကြောင့် လည်းသက်ဆိုင်ပါသတဲ့ ။ ခုတင်ပြရေးသားလိုက်ရတာကတော့ ဘယ်နေရာမှာ ဝက်ခြံပေါက်ရင် ဘာကြောင့်ပေါက်တတ်လဲဆိုတာတင်ပြလိုက် ရခြင်းဖြစ်ပါတယ်။ အားလုံးပဲကျန်းမာရွင်လန်းကြပါစေ။ 

Source: youtube 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။