အပူလောင်တာကို လူတိုင်းလိုလိုခံစားကြရတတ်ပါတယ်။ အပူလောင်တာဟာ မပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ရှေ့ဦးသူနာပြုစုတဲ့နည်းနဲ့ ပျောက်ကင်းအောင်ကုသလို့ရပါတယ်။ ပထမဆုံးနေနဲ့ ရေအေးရေသန့်နဲ့ ဆေးပေး ပါ။ ရေအေးနဲ့ဆေးနေစဉ် ကြမ်းကြမ်းတမ်းတမ်းတွေ မပွတ်မိပါစေနဲ့။အပူလောင်နေရာကို ဆေးကြောလိုက်ရင် ကူးစက်ပိုးရောဂါပိုးတွေ မကူးစက်ဖို့ အနည်းနဲ့အများတော့ ကာကွယ်ပေးပါတယ်။အပူလောင်တဲ့နေရာတွေကို ပတ်တီးစည်ဖို့တော့ မလိုပါဘူး။

အပူလောင်တဲ့နေရာကို နေရောင်နဲ့တိုက်ရိုက်မထိအောင် ထားပါ။ မီးပူခြင်း၊ ဆီပူခြင်း၊ ရေနွေးပူလောင်ခြင်း အတွက် ရှားစောင်းလက်ပပ်က အရမ်းကောင်းတဲ့ဆေးစွမ်းတစ်လက်ဖြစ်ပါတယ်။ ရှားစောင်လက်ပပ်ရဲ့အတွင်း သားကို အပူလောင်တဲ့နေရာမှာလိမ်းပေးရင် ရောင်ရမ်းမှုတွေကို လည်းလျော့ကျစေပါတယ်။ အေးတဲ့အာနိသင် ရှိတဲ့အတွက် အပူလောင်ခြင်းအတွက် အကျိုးရှိစေပါတယ်။ ရှားစောင်လက်ပပ်က ရောင်ရမ်းမှုကို သက်သာစေ ပြီး သွေးလည်းပတ်မှုကိုလည်း ကောင်မွန်စေပါတယ်။

နောက်တစ်ခုကတော့ ပျားရည်ဖြစ်ပါတယ်။ အပူလောင်တဲ့နေရာမှာ ပျားရည်ကို ပါးပါးလေးလိမ်းပေးရင် နာကျင် မှုကိုလျော့ကျစေပြီး အနာထဲပိုးမဝင်အောင်လည်းကာကွယ်ပေးပါတယ်။ အပူလောင်တဲ့နေရာက အရမ်းနာပြီး မနေနိုင်အောင်ဖြစ်နေပြီး အနံ့တွေလည်းရနေရင် သိုမဟုတ် ကိုယ်အပူချိန်တွေလည်း မြင့်တက်လာရင် ဆေး ခန်းကို အမြန်ဆုံးပြသပေးပါ။ အားလုံးကျန်းမာကြပါစေ။

Source: Youtube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။